Videos
တရုတ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်မှု ကမ္ဘာ့နံပါတ်(၁) ရောက်ရှိလာရန်မျှော်မှန်း
ပေကျင်း၊ ဒီဇင်ဘာ (၈) ရက် (ဆင်ဟွာ)
လျှပ်စစ်ကားများသည်တရုတ်နိုင်ငံတွင် တဖြေးဖြေးခေတ်စားလာနေပြီဖြစ်ပြီး ယခုနှစ်အတွက် အမေရိကန်နိုင်ငံတွင် လျှပ်စစ်ကားရောင်းချရမှုထက်ပိုမိုသာလွန်လိမ့်မည်ဟု တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သူများ အသင်းမှ မျှော်လင့်ထားသည်။
တရုတ်နိုင်ငံတွင် ယခုနှစ်အတွင်း လျှပ်စစ်ကား ရောင်းချမှုမှာ ၂သိန်း ခွဲခန့်အထိရှိလာပြီဖြစ်ပြီး ၎င်းသည် ကမ္ဘာ့နံပါတ်(၁) လျှပ်စစ်ကားဈေးကွက်သို့ တဖြေးဖြေးရောက်ရှိလာခြင်းဖြစ်သည်။ ယာဉ်များအား လုံခြုံမှုှရှိစေရန်နှင့် ဘက်ထရီများအား စိတ်ချမှုရှိစေရန် သေချာစွာစစ်ဆေးကြပ်မတ် ဆောင်ရွက် လျက်ရှိပြီး လျှပ်စစ်ယာဉ်များထုတ်လုပ်မှုှတွင် အရေအတွက်အစား အရည်အသွေးအား အဓိကထားထုတ်လုပ်ခြင်းကြောင့် တရုတ်နိုင်ငံ၏ လျှပ်စစ်ကားဈေးကွက်သည် တဖြည်းဖြည်း အောင်မြင်မှုရရှိနေပြီဖြစ်သည်။
တရုတ်နိုင်ငံ၏ လမ်းမများပေါ်သို့ လျှပ်စစ်ကားများ ပိုမိုပြေးဆွဲနိုင်ရေးနှင့် စွမ်းအင် ချွေတာရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေး စသည်တို့အတွက် အစိုးရကလည်း အကြီးအကျယ် အားပေး ခဲ့ပြီး ကားများအတွက် အခွန်ကင်းလွတ်ခွင့်ရရေး၊ ထောက်ပံ့ငွေနှင့် လျှပ်စစ်ကားများဝယ်ယူရန် လိုအပ်ချက်များ ကိုလည်း ပို့ဆောင်ရေးဝန်ကြီးဋ္ဌာန က စီစဉ်ဆောင်ရွက်ပေးနေပြီဖြစ်သည်။ (Xinhua)