Connect with us

Videos

တရုတ်-မြန်မာ နှစ်နိုင်ငံ ပထမ ဦးဆုံးအကြိမ် ရေကြောင်းပူးပေါင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်

ရန်ကုန် ၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု မှ မြန်မာ နိုင်ငံ သို့ လာရောက်လည်ပတ်သည့် ချစ်ကြည်ရေး ခရီးစဉ် သည် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး မေလ ၂၁ ရက် နေ့တွင် သီလဝါ ဆိပ်ကမ်း မှ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်းသိရသည်။

တရုတ် နိုင်ငံ ရေတပ် ၏ ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု သည် မုတ္တမ ပင်လယ်ကွေ့ ၌ မြန်မာ့ တပ်မတော်(ရေ) နှင့် စစ်ရေးပူးပေါင်း လေ့ကျင့်မှု တစ်ရပ်ကို မေလ ၂၁ ရက်ညနေပိုင်းအချိန်တွင် ပြုလုပ်ခဲ့သည်။

စစ်ရေး လေ့ကျင့်မှု စတင်ချိန်တွင် Chang Chun စစ်သင်္ဘော နှင့် အောင်ဇေယျ စစ်သင်္ဘော မှတစ်ဖွဲ့ ၊ Jing Zhou စစ်သင်္ဘော နှင့် အနော်ရထာ စစ်သင်္ဘော မှ တစ်ဖွဲ့ ဖွဲ့စည်းကာ သတင်းအချက်အလက် ပေးပို့မှုပိုင်းဆိုင်ရာ များ နှင့် ရေယာဉ်စု ဖွဲ့စည်းမှု ဆိုင်ရာ လေ့ကျင့်မှု ကို ပြုလုပ်ခဲ့ကြသည်။

စစ်ရေးလေ့ကျင့်မှုများအပြီးတွင် မြန်မာ့ တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်မိုးအောင်၊ တရုတ် နိုင်ငံ ရေတပ် ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု ၏ တပ်မှူး ဗိုလ်ချုပ် စိန်ဟောက် နှင့် တရုတ် သံအမတ်ကြီး ဟုန်လျန်တို့က ယခု အကြိမ် မြန်မာ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံ သို့လည်ပတ်ရေး ခရီးစဉ် အတွင်း တရုတ် နိုင်ငံ ရေတပ် ပင်လယ်ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်စု သည် မြန်မာ စစ်ဘက်ဆိုင်ရာ နှင့် အစိုးရ အဖွဲ့ ခေါင်းဆောင်များ နှင့် တွေ့ဆုံ ခဲ့ကြောင်း ၊ သန်လျင် လူငယ် သင်တန်းကျောင်း သို့သွားရောက် ခဲ့ပြီး ကလေးငယ်များအား ဖျော်ဖြေနှစ်သိမ့် ပေးခဲ့ကြကာ လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း ၊တရုတ် နိုင်ငံ ရေတပ် သင်္ဘောပေါ်တွင် ချစ်ကြည်ရေးဧည့်ခံပွဲ ကို ပြုလုပ်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ရေတပ် တပ်ဖွဲ့ဝင် များအပြန်အလှန်ဆွေးနွေးခြင်း နှင့် ချစ်ကြည်ရေး ဘောလုံးပွဲ ကစားခြင်း တို့ကို ပြုလုပ်နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ Chang Chun နှင့် Jing Zhou စစ်သင်္ဘော တို့အားပြည်သူများကို လာရောက်လည်ပတ်ရန် ဖွင့်လှစ်ပေးထားခဲ့ ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.