Connect with us

Videos

တရုတ်ငွေကြေးကူညီမှုဖြင့်တည်ဆောက်သည့်လျှပ်စစ်စက်ရုံဖွင့်လှစ် ၊ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးမီးလင်းပြီ

ဒါကာ၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ ၏ တောင်ဘက် ၂၀၄ ကီလိုမီတာ အကွာတွင်တည်ရှိသော ပတူအာခါလီခရိုင်တွင် တရုတ်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ပေရာ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက်ရုံဖွင့်လှစ်ပြီးနောက် နိုင်ငံ၌ ၁၀၀ ရာခိုင်နှုန်းလျှပ်စစ် ဓါတ်အား ရရှိနေပြီဖြစ်သည်။

မတ် ၂၁ ရက်တွင်ကျင်းပခဲ့သည့် အဆိုပါလျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်လှစ်ပွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က “ ကျွန်မတို့အနေနဲ့ နိုင်ငံမှာရှိတဲ့ အိမ်တိုင်းကိုအလင်းရောင်ပေးနိုင်တော့မှာဖြစ်တာကြောင့် ဒါဟာ အကြီးမားဆုံး ကိစ္စဖြစ်ပါတယ်” ဟုဆိုသည်။

သူ(မ) က တရုတ်နိုင်ငံ အစိုးရ နှင့်တကွ ယခု စီမံကိန်းကို ကူညီပေးခဲ့ကြသည့် တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝန်ထမ်းများအားလုံး ကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံအမတ်ကြီး လီကျိမင်က”ယခုစီမံကိန်းသည် ရပ်ဝန်းနှင့် ပိုးလမ်းမ အစပျိုးဖော်ဆောင်မှု အောက်တွင် အကောင်အထည်ဖော်သည့် တရုတ်-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မှု ၏ နောက်ထပ်အထင်ကရ စီမံကိန်းတစ်ခုဖြစ်ကြောင်း” အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ ဒါဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကူအညီပေးဖို့ တရုတ်နိုင်ငံ ရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကိုအကောင်အထည်ဖော်ဆောင်တဲ့ နောက်ထပ် ကြီးကျယ်တဲ့ အမှတ် လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ပေရာ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် ယူနစ် နှစ်ခုပါဝင်ပြီး ယူနစ် တစ်ခုလျှင် လျှပ်စစ်စွမ်းအင် ၆၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိပြီး စက်ရုံသည် လက်ရှိ၌ စီးပွားဖြစ် စတင်လည်ပတ်နေပြီဖြစ်သည်။

၎င်းစက်ရုံမှာ ultra-supercritical (USC) (အပူချိန်နှင့်ဖိအားကိုအသုံးပြုလည်ပတ်ခြင်း နည်းပညာ) အမျိုးအစားကိုအသုံးပြုထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ ပထမဆုံးကျောက်မီးသွေးစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်သည့်စက်ရုံဖြစ်ကြောင်းသိရသည်။ (Xinhua)
#fullelectricity #Bangladesh #China_funded #PayraPowerPlant #ultra_supercriticaltechnology #coal_fired #thermalpowerplant #xinhua #xinhuamyanmar #လျှပ်စစ်အပြည့်အဝရရှိ #ဘင်္ဂလားဒေ့ရှ် #တရုတ်ငွေကြေးထောက်ပံ့ #ပေရာဓါတ်အားပေးစက်ရုံ #ဆင်ဟွာ #ဆင်ဟွာမြန်မာ
………………………..
(English Version)
Bangladesh has full electricity coverage with inauguration of China-funded power plant
Bangladesh has attained 100 percent electricity coverage with the inauguration of the China-funded Payra Power Plant in Patuakhali district, some 204 km south of the country’s capital Dhaka.
At the inauguration ceremony held on Monday, Bangladeshi Prime Minister Sheikh Hasina said that “it is the biggest thing that we’ve been able to light every house in our country.”
She thanked the Chinese government and all the staff from Bangladesh and China who had contributed to this project.
Chinese Ambassador to Bangladesh Li Jiming said at the ceremony that the project serves as another major breakthrough in China-Bangladesh cooperation under the Belt and Road Initiative.
“It is another splendid symbol of China’s strong commitment to Bangladesh in its development,” he added.
Payra Power Plant, which includes two units, each with a capacity of 660MW, has already commenced its commercial operations.
It is the first coal-fired thermal power plant in Bangladesh that adopts ultra-supercritical technology.

Xinhua News Agency correspondents reporting from Dhaka.
(XHTV)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.