Connect with us

Videos

ကိုင်ရို ရှိ ညကလပ် တစ်ခုတွင် ဓါတ်ဆီပုလင်းဗုံး ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦးသေဆုံး

ကိုင်ရို၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ကိုင်ရိုမြို့ရှိ ညကလပ် တစ်ခုတွင် ဒီဇင်ဘာလ ၄ ရက်က ဓါတ်ဆီပုလင်းဗုံး ပေါက်ကွဲမှုမှ အစပြု၍ မီးလောင်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း အီဂျစ် ပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ ပြောကြားခဲ့သည်။

ဓါတ်ဆီပုလင်း ဗုံးဖြင့် တိုက်ခိုက်မှုသည် ညကလပ် ဝန်ထမ်း နှင့် ညကလပ်သို့ ဝင်ရောက်ရန် တားမြစ်ထားသည့် လူငယ်အုပ်စု တို့ အငြင်းပွားရာမှ စတင်ခဲ့ကြောင်း ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အစောပိုင်း နိုင်ငံပိုင် သတင်းဋ္ဌာန MENA ၏ ပေးပို့ချက်အရ လူသုံးယောက်သည် မော်တော်ဆိုင်ကယ် ကို စီးနင်းလာပြီး ကိုင်ရို မြောက်ပိုင်း အဂူဇာ ခရိုင်ရှိ ညကလပ် အတွင်းသို့ ဓါတ်ဆီပုလင်းဗုံးဖြင့် ပစ်ပြီး ထွက်ပြေးသွားကြောင်း သိရှိရသည်။

ရာဇဝတ်မှု ကျူးလွန်သူများ အား ဖမ်းဆီးနိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.