Connect with us

Videos

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီရုံးခွဲ အား ဖွင့်လှစ်

နေပြည်တော် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီ ရုံးခွဲအား ယနေ့ဒီဇင်ဘာလ ၄ ရက်တွင် နေပြည်တော်၌ ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ရုံးခွဲအား မြန်မာ နိုင်ငံသို့ ရောက်ရှိနေသော တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အစိုးရ အထူး သံအမတ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် (Mr.Liu Zhenmin ) မှ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲ၌ တရုတ်နိုင်ငံ အစိုးရ အထူး သံအမတ် ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် က မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ယာယီ ရုံးခွဲအား နေပြည်တော်၌ ပထမဆုံး နိုင်ငံခြား သံရုံး ရုံးခွဲအဖြစ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၊ ယခုကဲ့သို့သံရုံး ဖွင့်လှစ်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ၊ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး တိုးမြှင့် ခိုင်မာစေရန် နှင့် နှစ်နိုင်ငံ ချစ်ကြည် ဆက်ဆံရေး ပိုမို ကောင်းမွန်စေရန်လည်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ကလည်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီရုံးခွဲ ဖွင့်လှစ်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန် တိုးတက်စေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ယာယီရုံးခွဲအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ Grand ACE Villa ၌ ဖွင့်လှစ်ထားရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.