Connect with us

Videos

ကြောင်ချစ်သူများအတွက် Catcon ပွဲ

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုလော့စ်အိန်ဂျလိစ် တွင် ကြောင်ချစ်သူများစုဝေးရာ CatCon ပွဲကိုကျင်းပခဲ့သည်။ ယခုနှစ်တွင် ၃ ကြိမ်မြောက်ပြီဖြစ်သည့် CatCon ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ကြောင်ရောင်းချသူ ပြသသူရာပေါင်းများစွာ ပါဝင်ဆင်နွှဲကြကာ ကြောင်အသုံးအဆောင်ပစ္စည်းထောင်ပေါင်းများစွာကို ပြသရောင်းချကြသည်။ ထိုပွဲတွင် ပိုင်ရှင်မဲ့ကြောင်များ အတွက် မွေးစားလိုသူများ၊ အလှူရှင်များ၊ NGO များကိုလည်း ပွဲကျင်းပသည့် Pasadena Humane Society & SPCA မှ တခါထဲရှာဖွေပေးသည်။ ပွဲသို့လာရောက်လည်ပတ်သူကြောင်ချစ်သူများကလည်း ကြောင်များနှင့်နီးစပ်ဆင်တူသည့် ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်ခဲ့ကြကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.