Connect with us

Videos

ယန်စီမြစ်အောက်ခြေတွင်ဖောက်လုပ်သောရထားလမ်းယခုနှစ်ကုန်တွင်ဖွင့်လှစ်နိုင်မည်

ကျင်းဟိုင်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့်ယန်စီမြစ်အားဖြတ်သန်းဆောက်လုပ်ထားသော အမှတ် ၈ မြေအောက်ရထားလမ်း၏ဥမင်လှိုဏ်ခေါင်း တည်ဆောက်ရေးလုပ်ငန်းမှာ သြဂုတ်လ ၉ ရက်နေ့က ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။ ၎င်းမှာ တရုတ်နိုင်ငံ၏အရှည်ဆုံးယန်စီ မြစ်အောက်တွင် ဖောက်လုပ်ထားသောတတိယ မြောက်အရှည်ဆုံးဥမင်လိုဏ်ခေါင်းတစ်ခုဖြစ်သည်။ ဥမင်လိုဏ်ခေါင်းအရှည်မှာ ၃၁၈၆ မီတာရှိပြီး အချင်းဝက် ၁၂.၅ မီတာရှိသည်။ ဥမင်လိုဏ်ခေါင်း ၏ အမြင့်မှာ ၄ထပ်တိုက်အဆောက်အဦတစ်လုံး ခန့်ရှိရာတရုတ်နိုင်ငံ၏ အကြီးဆုံးဥမင်လိုဏ်ခေါင်း တစ်ခုလည်းဖြစ်သည်။ ၎င်းသည် မြစ် ၏ တစ်ဖက်တစ်ချက်စီတွင်ရှိသည့် ဘူတာ၂ ခုကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ အဆိုပါ မြေအောက်ရထားလမ်းကို ယခုနှစ်ကုန်တွင် ဖွင့်လှစ်ရန်ရည်မှန်းထားသည်။ ရထားလမ်းပြီးစီးပါက ခရီးသည်များအနေဖြင့် မြစ်အားဖြတ်ကူးရန်ကြာချိန် ၄ မိနစ်သာရှိတော့မည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.