Connect with us

Videos

ငရုတ်ဘုရင် အဖြစ်မှတ်တမ်းဝင်ရန်ယှဉ်ပြိုင်ကြသူများ

ဟူနန်၊သြဂုတ် ၂၁ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်းဟူနန်ပြည်နယ်နင်းရှန်းစီရင်စုတွင် ငရုတ်သီးအစားပြိုင်ပွဲတစ်ရပ်ကျင်းပခဲ့သည်။ ပြိုင်ပွဲဝင်များက အနီရောင်ငရုတ်သီးများနှင့်ရေများထည့်ထားသည့်ရေစိမ်ကန်အတွင်း ဝင်ရောက်ကာ ကန်အတွင်းရှိငရုတ်သီးနီများကို အပြိုင်အဆိုင်စားရခြင်းဖြစ် သည်။ ငရုတ်သီးနီ ၁၅တောင့်အား ၁မိနစ်အတွင်းစားနိုင်ပါက အနိုင်ရရှိသူအဖြစ်သတ်မှတ်မည်ဟု စည်းကမ်းချက်တွင်ပါရှိသည်။ ဒေသအတွင်း ကမ္ဘာလှည့်ခရီးသည်များအားဆွဲဆောင်မှုတစ်ခုအဖြစ် ရည်ရွယ်ကာ ထိုသို့ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဟူနန်ပြည်နယ်ဟင်းလျာများမှာလည်းအလွန်ပူစပ်သောဟင်းလျာအဖြစ်လူသိများသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.