Connect with us

Videos

မိုးပျံပူဖောင်း လွှတ်တင်ပွဲ

ရှင်းရိ၊သြဂုတ် ၂၁ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ် ရှင်းရိတွင် မိုးပျံပူဖောင်းလွှတ်တင်ပွဲကို ၄ရက်တိုင်တိုင် ကျင်းပခဲ့သည်။ တရုတ်မိုးပျံပူဖောင်းအဖွဲ့ က ဦးဆောင်ကျင်းပသည့်အဆိုပါပွဲကို တရုတ်နိုင်ငံ အတွင်းရှိ မိုးပျံပူဖောင်းကလပ်များမှ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်ပေါင်း ၂၈ဝ ဦး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ရှင်းရိဒေသသည် ထုံးကျောက်မြေမျက်နှာပြင်အဖြစ် လူသိများသည်။ လေပြင်းထန်ကာ ဘက်ပေါင်းစုံမှ ပြင်းထန်စွာတိုက်ခတ်သည့်ဒေသတစ်ခုလည်းဖြစ်သောကြောင့် အခက်အခဲများစိန်ခေါ်မှုများ က ပွဲအား စိတ်ဝင်စားမှုမြင့်တက်စေသည်။ ပူဖောင်းလွှတ်တင်မည့်သူက လေကြောင်း နှင့် ပြောင်းလဲမှုများသည့် ရှုထောင့်အပေါ်မူတည်ကာ ပူဖောင်းအားချိန်ညှိရခြင်းဖြစ်သည်။ ထိုပြိုင်ပွဲသည် တရုတ်နိုင်ငံ တွင်ကျင်းပသော မီးပုံးပျံပြိုင်ပွဲများထဲတွင် ကျွမ်းကျင်အသင်းများစွာပါဝင်သည့် ပွဲတစ်ခုလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.