Connect with us

Videos

ဒိုင်နိုဆောအရိုးစု ရုပ်ကြွင်း၂စုံအားရှာဖွေတွေ့ရှိ

ယူနန် ၊ ဒီဇင်ဘာ(၁၁) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဒိုင်နိုဆောအရိုးစု ရုပ်ကြွင်း၂စုံအား တူးဖော်တွေ့ရှိခဲ့သည်။ ၎င်းတို့သည် နှစ်သန်းပေါင်း ၁၈ဝ ကျော်ခန့်မှ အရိုးစု များဖြစ်မည်ဟုခန့်မှန်းကြသည်။ အရိုးစုမှာ ၅.၃ မီတာ အရှည်ရှိပြီး ခြေလက်အစုံအလင်ပါရှိသည်။

သက်ရှိထင်ရှားရှိစဉ်က ၉ မီတာ အရှည်ခန့်ရှိမည့်ဒိုင်နိုဆောတစ်ကောင်ဖြစ်မည်ဟု သုတေသီတို့က ခန့်မှန်းသည်။ တူးဖော်မှုမှာ ၇ဝ ရာခိုင်နှုန်း ပြီးမြောက်ပြီဖြစ်ပြီး ထိုသို့ရှေးခေတ်မှ တူးဖော်ရရှိသော အရိုးစုများထဲတွင် ယခုကဲ့သို့ ကိုယ်အင်္ဂါ အစိတ်အပိုင်းအစုံအလင်နှင့် အရိုးစုမျိုးအားရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲကြောင်းသိရသည်။ ထိုသို့ရှာဖွေတွေ့ရှိခြင်းကြောင့် ဒိုင်နိုဆောတို့၏ ဖြစ်တည်ပြောင်းလဲမှုများ ၎င်းတို့၏ သဘာဝများနှင့်အတူ ထိုခေတ်ကာလ ရာသီဥတုအခြေအနေနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေတို့ အား ဆက်လက်လေ့လာ နိုင်မည်ဖြစ်သည်။

အရိုးစုများအား ပြီးခဲ့သည့်လက ယူနန်ပြည်နယ် လုဖန် စီရင်စုတွင် လမ်းပြုပြင်သည့် အလုပ်သမားများမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.