Connect with us

Videos

တရုတ် နိုင်ငံ ပိုင် စက်မှု နှင့် ကုန်သွယ်ရေး ဆိုင်ရာ ဘဏ်(ICBC) ရန်ကုန် မြို့တွင် တရားဝင် ဖွင့်လှစ်

ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ပိုင် စက်မှု နှင့် ကုန်သွယ်ရေး ဆိုင်ရာ ဘဏ် (ICBC) အား စက်တင်ဘာ လ ၈ ရက်နေ့တွင် ရန်ကုန် မြို့၌ တရားဝင် စတင်ဖွင့်လှစ် ခဲ့ပြီး ၎င်းသည် မြန်မာ နိုင်ငံ တွင် ပထမ ဦးဆုံး ဖွင့်လှစ် ခဲ့သည့် တရုတ် နိုင်ငံ စီးပွားရေး လုပ်ငန်း ဆိုင်ရာ ဘဏ် တစ်ခု ဖြစ်ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနား သို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ၊ ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ တရုတ် နိုင်ငံ ပိုင် စက်မှု နှင့် ကုန်သွယ်ရေး ဆိုင်ရာ ဘဏ် (ICBC) ဥက္ကဋ္ဌ ရိဟွေ့မန် တို့မှ ဖွင့်ပွဲ အခမ်းအနား အား တက်ရောက် ခဲ့ကြသည်။

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှုပြုလုပ်ရာတွင် ငွေကြေးစီးဆင်းမှု ပိုမိုကောင်းမွန်စေရန်အတွက် ICBC ရန်ကုန်ဘဏ်ခွဲသည် Union Resource and Engineering Co.,Ltd ၊ Power China Group, Kunming Engineering Corporation Limited၊ China CAMC Engineering Co.,Ltd ၊ ဟွာဝေးနည်းပညာ ကုမ္ပဏီလီမိတက် (Huawei Technologies Co.,Ltd)၊ တရုတ်ဖွံ့ဖြိုးရေးဘဏ်(China Development Bank)၊ ရိုးမဘဏ်လီမိတက်တို့နှင့် ယနေ့ လက်မှတ်ရေးထိုးလိုက်သည်။ ICBC သည် ကမ္ဘာပေါ်တွင် ရရန်ပိုင်ခွင့် အများဆုံးရှိသည့် အကြီးဆုံးဘဏ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလိုင်စင် ရရှိထားသည့် တစ်ခုတည်းသော တရုတ်ဘဏ် ဖြစ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.