Connect with us

Videos

တရုတ်နိုင်ငံက ၂၀၂၀ ခုနှစ်တွင် မားစ် ဂြိုဟ်ပေါ်သို့ ဆင်းသက်ရန် လေ့လာစမ်းသပ်မှုများ စတင်ပြုလုပ်

ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံက  အာကာသစူးစမ်းလေ့လာရေးယာဉ်၏ လုပ်ငန်းစဉ်များ၊ မားစ်ဂြိုဟ် ပေါ်သို့ ဆင်းသက်ရာတွင် အတားအဆီးများကိုရှောင်ရှားရန်တို့နှင့်ပတ်သက်သည့် လေ့လာစမ်းသပ်မှုတစ်ခုကို နိုဝင်ဘာ ၁၄ ရက် က ပြုလုပ်ခဲ့သည်။ 

လေ့လာစမ်းသပ်မှုကို ကမ္ဘာ့ အာကာသ ဆိုင်ရာ စူးစမ်းလေ့လာရေး နယ်မြေတစ်ခုအဖြစ် အာရှတိုက် တွင် အကြီးဆုံး နေရာဖြစ်သည့် တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Huailai စီရင်စုတွင် ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံက လာမည့် ၂၀၂၀ ခုနှစ်တွင် မားစ်ဂြိုဟ်ပေါ်သို့ အာကာသစူးစမ်းလေ့လာရေးယာဉ်ကို လွှတ်တင်မည်ဖြစ်ပြီး ထိုခရီးစဉ်အတွင်း အောင်မြင်မှုများဆောင်ကြဉ်းနိုင်ရန် ထိုသို့စမ်းသပ်လေ့လာမှုများဆောင်ရွက်နေခြင်းဖြစ်ကြောင်း China National Space Administration (CNSA) က သတင်းထုတ်ပြန်ထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.