Connect with us

Videos

၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် အား တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ

 

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

“ ကျွန်ုပ် သည် ကြယ်တစ်ပွင့် ဖြစ်သည် ” ဟူသော ခေါင်းစဉ် ဖြင့် ကျင်းပ ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆို ပြိုင်ပွဲ ၏ ဆယ်ကျော်သက် အုပ်စု နှင့် လူငယ် အုပ်စု နောက်ဆုံးအဆင့် ပြိုင်ပွဲ ကို နိုဝင်ဘာ ၁၆ ရက်  တွင် ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ပြိုင်ပွဲဝင် အသီးသီး တို့ အနက် ဆုရရှိသူများ အား အမှတ်ပေး ဆုံးဖြတ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ သည် လတ်တလော နှစ်ပိုင်း အတွင်း နှစ်စဉ် ကျင်းပ ပြုလုပ်လေ့ ရှိသည့် ပြိုင်ပွဲ တစ်ခု ဖြစ်ကြောင်း ၊ ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင် များ ၏ သီချင်း ရွေးချယ်မှု ၊ အသံထွက် ပီသချောမွေ့မှု ၊ သံစဉ်ကိုက်ညီမှု ၊ တင်ဆက်မှု နှင့် အဆိုရှင် ၏ သီချင်း အပေါ် နားလည်မှု တို့အား အခြေခံ၍ အမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခုနှစ် ပြိုင်ပွဲ အား တရုတ် နိုင်ငံ ကွန်ဖြူးရှပ် စာသင်ကျောင်း ဌာနချုပ် နှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး တို့မှ ဦးစီး ကျင်းပ ပြုလုပ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.