Connect with us

Videos

တရုတ်-ရှန်ဟိုင်းအနုပညာဖျော်ဖြေပွဲမှ တင်ဆက်မှု

ရှန်ဟိုင်၊ အောက်တိုဘာလ (၂၉)ရက်၊ (ဆင်ဟွာ)

အောက်တိုဘာလ (၁၆) ရက်နေ့ကဖွင့်လှစ်သော ၁၇ ကြိမ်မြောက် တရုတ် ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာ အနုပညာပွဲတော်တွင် အမေရိကန်အခြေစိုက် Momix အက ကုမ္ပဏီမှ အက သမား (၁ဝ) ဦးတို့ က ဖျော်ဖြေ တင်ဆက်ခဲ့သည်။ ၎င်းတို့ က တိရိစ္ဆာန်တို့၏ အရိုးစုတည်ဆောက်ပုံများပါဝင်သော တင်ဆက်မှုပုံစံများနှင့် အခြားထူးခြားသောပုံစံများ ဖြင့် လှပစွာဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ သဘာဝ တရား၌ ပြောင်းလဲလာသော ပုံရိပ်များနှင့် အခြား စိတ်ကူးယဉ်ဆန်သောကကွက်များ၊ ရာသီဥတုအလိုက် ပြောင်းလဲသောပုံစံများပါဝင်သည်။ Momix မှ အကသမားများသည် ယောဂ ၊ ဘဲလေး စသော အက ပုံစံမျိုးစုံအား ကပြခဲ့ကြသည်။ ပရိုဂျက်တာတွေ၊ လိုက်တင်တွေ၊ effect တွေ စုံလင်အောင် တင်ဆက်ထားကာ ၊ ယခုကပြဖျော်ဖြေမှုမှာ ယခင်က တစ်ခါကမှ မဖျော်ဖြေခဲ့ဖူးသည့် ပုံစံလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.