Connect with us

Videos

တရုတ်နိုင်ငံ၏ ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတားကြီး ကို အောက်တိုဘာ ၂၄ရက်နေ့ တွင် ဖွင့်လှစ်မည်

ကျူးဟိုင်၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတားကြီးဖြစ်သည့် ဟောင်ကောင်-ကျူးဟိုင်- မကာအိုတံတားကို အောက်တိုဘာလ ၂၄ ရက်နေ့တွင်ပြည်သူအများသွားလာနိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်သည်။ ၎င်းတံတားကြီး မှာ အရှည်အားဖြင့် ၅၅ ကီလိုမီတာရှိပြီး အရှည်၂၂.၉ ကီလိုမီတာရှိသည့် ပင်မတံတားကြီးတစ်စင်းနှင့် ၆.၇ ကီလိုမီတာ အရှည်ရှိ ရေအောက်ဥမင်အဝေးပြေးလိုဏ်ခေါင်းလည်း ပါဝင်သည်။ တံတားကို ဖြတ်သန်းသွားလာရန် ငွေပေးချေရာတွင် ဘဏ်ကတ်များ Ali Pay နှင့် wechat pay တို့မှ တစ်ဆင့် တံတားဖြတ်သန်းခပေးချေနိုင်သည်။ တံတားမျက်နှာပြင်အကျယ်အဝန်းမှာ စတုရန်းမီတာပေါင်း ၇သိန်း ခန့်ရှိပြီး ၎င်းမှာ စံချိန်မီ ဘောလုံးကွင်းပေါင်း ၉၈ ကွင်းစာအကျယ်အဝန်းနှင့်ညီမျှသည်။

တံတားတွင် တပ်ဆင်ထားသည့် ပင်မ ထောက်တိုင်များမှာ စတီးတန်ချိန်ပေါင်း၄သိန်း၂သောင်းဖြင့် အသုံးပြု တည်ဆောက်ထားပြီး ၎င်း ၏ အလေးချိန်မှာ အီဖယ်မျှော်စင်ပေါင်း ၆ဝ နှင့် ညီမျှသည်။ ကမ္ဘာ့အရှည်ဆုံး ရေအောက်အဝေးပြေး ဥမင်လိုဏ်ခေါင်းလည်း ဖြစ်သည့် ဥမင်လိုဏ်ခေါင်းမှာ ရေအောက် မီတာ ၄ဝ အနက်အထိ ဖောက်လုပ် ထားခြင်းဖြစ်သည်။ တံတား၏ ယာဘက်တွင် ယာဉ်ကြောများသွားလာစေပြီး ဟောင်ကောင်နှင့် မကာအိုသို့သွားလာရန် အဆင်းတွင် ညာကျောပြောင်းယူရသည့်ပုံစံတည်ဆောက်ထားသည်။ တံတားအား ရေ အလျဉ်နှင့် အလိုက်သင့်စေမည့် ပုံစံအနေအထားအဖြစ်ကွေ့ကောက်ကာ တည်ဆောက်ထားသည်။ ၆လမ်းသွား ၂လမ်းမောင်း တံတားကြီးတွင်တစ်နာရီလျင် ကီလိုမီတာ ၁ဝဝ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်မည်ဟုသိရသည်။ တံတားကို ၂၄ နာရီဖြတ်သန်းခွင့်ပြုပြီး နယ်စပ်တွင်လည်း ဝန်ဆောင်မှု အချိန်ပြည့်ပေးထားမည်ဟုလည်းသိရသည်။ ထိုတံတားကြီးပေါ်တွင် 4G network ကို ထောက်ပံ့တပ်ဆင်ထားပြီး ၂ဝဝ၉ ခုနှစ်ကုန်ကတည်းက စတင်တည်ဆောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.