Connect with us

Videos

မူဆယ် – မန္တလေး ရထားလမ်း ဖြစ်မြောက်နိုင်ခြေ လေ့လာရန် MoU ရေးထိုး

နေပြည်တော်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ် – မြန်မာ နှစ်နိုင်ငံ နှစ်ဘက် ကုန်စည်များအား နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် အချိန်တိုအတွင်း ထိရောက်၊ လျင်မြန် လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်ရေး၊ ကုန်စည် သယ်ယူရာ တွင် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု အသက်သာဆုံး ဖြစ်ရေး၊ ဒေသတွင်း ပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိပြီး လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် မူဆယ် – မန္တလေး ရထားလမ်း ဖောက်လုပ်ရန် ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility study) နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ အောက်တိုဘာလ ၂၂ ရက်နေ့ တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ယခု ရထားလမ်းသစ်စီမံကိန်းသည် မြန်မာနိုင်ငံ အမျိုးသား ပို့ဆောင်ရေး ပင်မ စီမံကိန်း၏ ဦးစား ပေး အကောင်အထည်ဖော်ရန် လိုအပ်သော သယ်ယူ ပို့ဆောင်ရေး စြင်္ကံံ ငါးခုတွင် ပါဝင်ကြောင်း၊ UNESCAP က ဦးဆောင် အကောင်အထည်ဖော်လျက်ရှိသော အာရှဖြတ်သန်း ရထားလမ်းမကြီး ကွန်ရက်၏ တောင်ဘက် စြင်္ကံပေါ်တွင် တည်ရှိသော အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် အိန္ဒိယနိုင်ငံ အရှေ့ဘက်သို့ ချိတ်ဆက်၍ ဥရောပအထိ ဖြတ်သန်းသွားလာနိုင်သည့် အလားအလာကိုလည်းကောင်း၊ တောင်ဘက်ရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်အထိ ဆက်သွယ်နိုင်မည့် အလားအလာကိုလည်းကောင်း အရှိန်မြှင့်တင် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ကြောင်း၊ ယခု နားလည်မှု စာချွန်လွှာသည် နှစ်နိုင်ငံအကြား အရေးပါသော ပြယုဂ် အဖြစ်သာမက နှစ်နိုင်ငံ ပြည်သူများ ရေရှည် အကျိူးစီးပွား ဖြစ်ထွန်းမှုကို ဖော်ဆောင်နိုင်မည့် စီမံကိန်းကြီး တစ်ခုပေါ်ပေါက်လာလိမ့်မည် ဟု ယုံကြည် မျှော်လင့်ထားပါကြောင်းပြောခဲ့သည်။

အခမ်းအနား သို့ တက်ရောက်လာသည့် တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က “မူဆယ် – မန္တလေး ရထားလမ်း စီမံကိန်း Feasibility study လုပ်ငန်း အဆင်ပြေ ချောမွေ့စွာ ပြီးမြောက် အောင်မြင်မယ်လို့အခိုင်အမာ ယုံကြည်ပါကြောင်း၊ ဒီစီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့လည်း မျှော်မှန်းထားကြောင်း၊ ဒီရထားလမ်းဟာ နှစ်နိုင်ငံက The Belt & Road နဲ့ တရုတ် – မြန်မာ စီးပွားရေး စြင်္ကံကို အတူကွ တည်ဆောက်ရေးအတွက် အားသစ်လောင်းပေးနိုင်မှာဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွင် အောင်မြင်မှုအသစ်များ ရရှိနိုင်ပြီး တရုတ် – မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး ကိုလည်း ပိုမို တိုးတက် ဖြစ်ထွန်းစေနိုင်မှာဖြစ်ကြောင်း၊ ဒီရထား လမ်းဟာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို များစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မြောက်ပိုင်း အရေးကြီးသော မြို့နယ်များနှင့် စီးပွားရေး အချက်အချာကျသော နေရာများ ကို ဖြတ်သန်းသွားမည့် အဆိုပါ ရထားလမ်းသည် ၄၃၁ ကီလိုမီတာ ရှည်လျားပြီး ဖောက်လုပ်ပြီးပါက တစ်နာရီလျှင် ကီလို ၁၆၀ နှုန်း ပြေးဆွဲရန် လျာထားကြောင်း၊တရုတ် – လာအို၊ တရုတ် – ထိုင်း ရထား လမ်းများနှင့် ထပ်တူ ထပ်မျှဖြစ်သော စံချိန် စံညွှန်းများ အတိုင်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း လည်း သံအမတ်ကြီးက အခမ်းအနားတွင်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.