Connect with us

Videos

တရုတ်နိုင်ငံ တောင်ပိုင်း မြေပြိုမှု ဖြစ်ပွား ၊ လူ (၉ဝ)ကျော် ပျောက်ဆုံး

ရှန်းကျန့်၊ ဒီဇင်ဘာလ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံးပြည်နယ် ရှန်းကျန့် မြို့ရှိ စက်မှုဇုန် ၌ ဒီဇင်ဘာလ ၂၀ ရက် နေ့ ည ၁၁ နာရီ တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် ပျောက်ဆုံးသူ ဦးရေသည် ဒီဇင်ဘာလ ၂၁ ရက်နေ့ အစောပိုင်းတွင် ၉၁ ဦး အထိ ရောက်ရှိလာကြောင်း ဒေသခံ အာဏာပိုင်များ ၏ ပြောကြားချက်အရ သိရသည်။

ပျောက်ဆုံးသူ ၉၁ ဦး တွင် အမျိုးသား ၅၉ ဦး နှင့် အမျိုးသမီး ၃၂ ဦး ပါဝင်ကြောင်း သိရသည်။

ကနဦး ရှာဖွေတွေ့ရှိချက်များ အရ အဆောက်အဦ ၃၃ ခုတွင် အချို့မှာ မြေပြိုမှုကြောင့် မြေအောက်သို့ နစ်မြုပ်သွားပြီး အချို့မှာ တိမ်းစောင်း ပျက်စီးခဲ့ကြောင်း၊ အဆိုပါ အဆောက်အဦ ၃၃ခု တွင် စက်ရုံ ၁၄ ခု၊ ရုံးအဆောက်အဦ ၂ ခု၊ ကန်တင်း ၁ ခု၊ အိပ်ဆောင် ၃ ခု နှင့် အထပ်နိမ့် အဆောက်အဦ ၁၃ ခု ပါဝင်ကြောင်း ရှန့်ကျန်း ဒုတိယ မြို့တော်ဝန် လူရှီးရှန်း က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဒီဇင်ဘာလ ၂၁ရက်နေ့က ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ စက်မှုဇုန်သည် ရှန်းကျန့်မြို့ အနောက်တောင်ပိုင်း ရှိ ကွမ်မင်း ဒေသ တွင် တည်ရှိပြီး မြေပြိုမှု ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ ထိပ်သီး ရေနံနှင့် ဓါတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်သည့် PetroChina မှ ပိုင်ဆိုင်သည့် အနောက်ပိုင်း မှ အရှေ့ပိုင်းသို့ ဆက်သွယ်ထားသော သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲခဲ့ကြောင်း၊ ယင်းဓါတ်ငွေ့ပိုက်လိုင်းသည် ၄၀၀ မီတာရှည်လျားပြီး ယာယီ ပိုက်လိုင်း နှင့် ဒီဇင်ဘာလ ၂၁ရက်နေ့ မနက်ပိုင်းတွင် အစားထိုးထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.