Connect with us

Videos

အီဂျစ်ဘုရင်၏ ရွှေရောင်မျက်နှာဖုံးအား ပြန်လည်ပြသထား

ကိုင်ရို ၊ ဒီဇင်ဘာ (၁၉) ဆင်ဟွာ

အီဂျစ်နိုင်ငံ၏ နံမည်ကျော်ကြားထင်ရှားသော ရှေးဟောင်းလက်ရာတစ်ခုဖြစ်သည့် အီဂျစ်ဘုရင် တူတန်ခမန် ၏ ရွှေရောင်မျက်နှာဖုံး အား ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် အီဂျစ် နှင့် ဂျာမန် ပူးတွဲအသင်းက ၈ ပတ် ကြာထိန်းသိမ်းသန့်စင် ပြီးနောက် အီဂျစ်ပြတိုက်တွင် ပြန်လည် ပြသထားသည်။

အီဂျစ်အစိုးရက ဂျာမနီ မှ အထူးထိမ်းသိမ်းရေး တာဝန်ခံများအား အဆိုပါ အဖိုးတန်ရတနာကို ပြုပြင် ထိန်းသိမ်းရန် အပ်နှံခဲ့ပြီး ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆိုပါ ရွှေရောင်မျက်နှာဖုံးအား ပြန်လည် ထိန်းသိမ်းရန် ယူရိုငွေ ၅သောင်းအား လှူဒါန်းခဲ့သည်။

တူတန်ခမန်သည် ဘီစီ ၁၃၃၂ ခုနှစ် အသက် ကိုးနှစ်အရွယ် တွင် နန်းတက်ခဲ့ကာ ဘီစီ ၁၃၂၃ခုနှစ် ၁၉ နှစ်အရွယ်တွင်နတ်ရွာစံခဲ့သော ဘုရင်တစ်ပါးအဖြစ် ရှေးခေတ်အီဂျစ်ပြည်သမိုင်းတွင် နံမည်ကျော်ကြား သည်။

၎င်းအားမြှုပ်နှံခဲ့သောအုတ်ဂူအား ၁၉၂၂ ခုနှစ်တွင် ဗြိတိန်နိုင်ငံသားအီဂျစ်အကြောင်း လေ့လာသူ သုတေသီ ကာတာ ဆိုသူက တူးဖော် တွေ့ရှိခဲ့ပြီး ၎င်း၏ ရွှေရောင်မျက်နှာဖုံးအား သေချာစွာ ထိန်းသိမ်းထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.