Connect with us

Videos

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မြန်နှုန်းမြင့်ရထားစတင်ပြေးဆွဲ

စီချွမ် ၊ ဒီဇင်ဘာ (၂၉) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မြန်နှုန်းမြင့် ရထားတစ်စီးကို စတင်ပြေးဆွဲခဲ့ပြီး ဒေသတွင်းရှိ မြို့ ကြီး (၂) မြို့ဖြစ်သည့် စီချွမ်ပြည်နယ်မြို့တော် ချန်ဒူးနှင့် ချုံကျင်းမြို့များ ကို ဆက်သွယ်ပြေးဆွဲ မည်ဟု သိရသည်။

ခရီးသည်တစ်ဦးက ယခုလို မြန်နှုန်းမြင့်ရထား စီးနင်းရသည့်အတွက် ကံကောင်းသည်ဟု ထင်မြင် ကြောင်း၊ ရထားစီးရသည်နှင့်မတူဘဲ လေယာဉ်တစ်စီးပေါ်ရောက်နေသလို ခံစားရကြောင်း၊ ရထား ပေါ်တွင် wi fi အခမဲ့ အသုံးပြုခွင့်လည်းပေးထားသောကြောင့် လွန်စွာအဆင်ပြေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ မြို့ ၂မြို့သို့သွားရာလမ်းသည် ကြမ်းတမ်းကွေ့ကောက်သောတောင်စောင်းလမ်း ဖြစ်ပြီးသွားလာရန်ခက်ခဲသည်။ ချန်ဒူးနှင့် ချုံကျင်းမြို့တို့သည် တစ်မြို့ နှင့် တစ်မြို့ ကီလို၃ဝဝ ကွာဝေးသည်။
ယခင်က အဆိုပါ မြို့၂ မြို့ အား ချန်ယု ပုံမှန်ရထားလမ်းအား အသုံးပြု ပါကသွားလာချိန် ၁၃ နာရီကြာမြင့်ခဲ့ပြီး ယခု ချန်ယု အမြန်ရထားဖြင့် သွားလာပါက ၁နာရီခွဲခန့်သာ ကြာမြင့်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.