Connect with us

Videos

ကျောက်ဖြူ အထူး စီးပွားရေးဇုန်၏ စက်မှုဇုန်နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်း ၂ ခု အတွက် တင်ဒါ အောင်မြင်သည့် အဖွဲ့အား ထုတ်ပြန် ကြေညာ

နေပြည်တော် ၊ ဒီဇင်ဘာ ၃၀ ရက် ( ဆင်ဟွာ)

ကျောက်ဖြူ အထူး စီးပွားရေးဇုန် စက်မှုဇုန် နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်း ၂ ခု အတွက် ကုမ္မဏီ ၆ ခု ပါဝင်သော CITIC group ( The CITIC Consortium) သည် တင်ဒါအောင်မြင်သော အဖွဲ့ ဖြစ်ကြောင်း မြန်မာ နိုင်ငံ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တင်ဒါ စစ်ဆေးရေး နှင့် တင်ဒါ ရွေးချယ်ရေး လုပ်ငန်းကော်မတီ (BEAC) မှ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန်ကို အကောင်အထည် ဖော်ဆောင်ရန် နိုင်ငံတော် အစိုးရသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတကာသို့ တင်ဒါများ ခေါ်ယူခဲ့ပြီး CITIC Group နှင့် ထိုင်းနိုင်ငံ CP Group ၊ တရုတ်နိုင်ငံ CHEC အဖွဲ့ ၊ China Merchants Group ၊ China Tianjin TEDA နှင့် တရုတ် ယူနန် ဆောက်လုပ်ရေး အဖွဲ့တို့ ပူးပေါင်း၍ စက်မှုဇုန် နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်းများ ဆိုင်ရာ တင်ဒါများ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ယနေ့ နေပြည်တော်၌ ပြုလုပ်သော ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဆိုင်ရာ စီမံကိန်းများ တင်ဒါ ရွေးချယ် အပ်နှင်းပွဲသို့အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတတ်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် တင်ဒါ စစ်ဆေးရေးနှင့် ရွေးချယ်ရေး ကော်မတီ ဥက္ကဌ ဖြစ်သူ ဒေါက်တာ ကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တတ်ရောက်ခဲ့သည်။
ထို့အတူ စက်မှုဇုန် နှင့် ရေနက် ဆိပ်ကမ်းများ အောင်မြင်စွာ အကောင် အထည် ဖော်ခြင်းဖြင့် နှစ်စဉ် ဒေသခံ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ၁ သိန်းကျော် အထိ ဖန်တီး ပေးနိုင်မည် ဖြစ်သည်။ စီမံကိန်းများ လုပ်ငန်း လည်ပတ်ခွင့် ပြုထားသော သက်တမ်း ကာလအတွင်း ဆိပ်ကမ်းနှင့် စက်မှုဇုန်သည် နိုင်ငံတော် အစိုးရ အတွက် အခွန်ဝင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံခန့် ရရှိစေနိုင်မည် ဖြစ်သည်။
စက်မှုဇုန် စီမံကိန်းသည် မြေဟက်တာ ၁,၀၀၀ အကျယ်အဝန်း ရှိသည့် နေရာတွင် အဆင့် ၃ ဆင့် ခွဲလျက် အကောင်အထည် ဖော်ရန် စီမံ ဆောင်ရွက်လျက် ရှိပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် လုပ်ငန်း စတင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ စီမံကိန်း အကောင်အထည် ဖော်ရန် အဆင့် ၄ ဆင့် ခွဲခြား သတ်မှတ်ထားကြောင်း သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေး ဇုန် နယ်နိမိတ် အဖြစ် မြေဧက ၄,၂၈၉ . ၃၂ ဧက သတ်မှတ်နိုင်ရန် နိုင်ငံတော် သမ္မတသည် ပြည် ထောင်စု လွှတ်တော် နာယကထံ သို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ဒီဇင်ဘာလ ၂၉ ရက်
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည် ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.