Connect with us

Videos

တရုတ်နိုင်ငံမှ ကမ္ဘာ့ပထမဆုံး 3D သွေးကြောမျှင် ဇီဝ ပုံနှိပ်စက်အား တီထွင် ထုတ်လုပ်

ချန်ဒူး၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ် ဇီဝ နည်းပညာဆိုင်ရာ ကုမ္ပဏီတစ်ခုက ကမ္ဘာ့ပထမဆုံး 3D သွေးကြောမျှင် အသစ်ပြုလုပ်သော ဇီဝ ပုံနှိပ်စက်အား တီထွင် ထုတ်လုပ် နိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၅ ရက် တွင် ကြေညာခဲ့ပြီး အဆိုပါ ပုံနှိပ်စက်ကို အသုံးပြု၍ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထုတ်လုပ် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၏ မြို့တော် ချန်ဒူး အခြေစိုက် စီချွမ်း ရီဗိုတက် ကုမ္ပဏီက အဆိုပါ တီထွင်မှု သည် ၎င်း၏ ကိုယ်တိုင်ဖွံ့ဖြိုးနိုင်သော ပင်မဆဲလ် ဇီဝ-မင် နည်းပညာ၊ 3D ဇီဝ ပုံနှိပ်စက် နှင့် Cloud ကွန်ပြူတာ စနစ် များမှ တစ်ဆင့် ဖန်တီး နိုင်ခဲ့ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရီဗိုတက် ကုမ္ပဏီ သည် စီချွမ် လန်ကွမ်း ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်ပြီးကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများ သို့ အာဟာရဓါတ်များ ပို့ဆောင်ပေးသည့် သွေးကြောမျှင်များသည် အင်္ဂါ အစိတ်အပိုင်းများ ဖန်တီးရာတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံ ပစ္စည်းများဖြစ်ကြောင်း သိရသည်။

၎င်းတို့ အဖွဲ့သည် 3D ဇီဝ ပုံနှိပ်စက်၊ ဘိုင်အိုစန် စပီးယား နည်းပညာ နှင့် Cloud ကွန်ပြူတာ စနစ် အခြေပြု သတင်း အချက်အလက်များကို အသုံးပြု၍ သွေးကြောမျှင် အသစ် ထုတ်လုပ်နိုင်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ကုမ္ပဏီမှ အဆိုပါ အောင်မြင်မှုနှင့် ပတ်သက်၍ ကျွမ်းကျင်မှုများ ပိုမို ဖြည့်စွက်ရန်နှင့် နိုင်ငံတကာမှ ပူးပေါင်း ဆောင်ရွက်လို သူများကို ရှာဖွေရန် ဆန္ဒရှိပါကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.