Connect with us

Videos

တရုတ်သမ္မတရှီကျင့်ဖိန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင် ညီလာခံသို့တက်ရောက် အမှာစကားပြော

ပဲရစ် ၊ ဒီဇင်ဘာ (၁) ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတရှီကျင့်ဖိန် ( Xi Jinping) သည် ၂၁ ကြိမ်မြောက် ကုလသမဂ္ဂ အဖွဲ့ဝင်များ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင် ညီလာခံသို့တက်ရောက်ရန် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ပြင်သစ်နိုင်ငံပဲရစ်မြို့သို့ရောက်ရှိခဲ့သည်။

နိုဝင်ဘာလ (၃ဝ) ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပသော ၂၁ ကြိမ်မြောက် ကုလသမဂ္ဂ အဖွဲ့ဝင်များ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့အခမ်းအနားကျင်းပရခြင်းသည် အကြမ်းဖက်တိုက်ခိုက်မှုများ အပေါ် အမှုမထားဘဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းကိုပြသခြင်း ဖြစ်ကြောင်း နှင့် ရာသီဥတုပြောင်းလဲမှုအပေါ် အလေးထားဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ် ကို ဖော်ဆောင်ပေးနိုင်ရန်ဖြစ် ကြောင်း ၊ မိမိအနေဖြင့် ယခု အခမ်းအနား မှ တစ်ဆင့် ပြင်သစ် ပြည်သူလူထု ခံစားခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ်တွင် စိတ်ရင်းဖြင့် ကိုယ်ချင်းစာနာမိပါကြောင်း၊ ထို့အပြင် ယခုကဲ့သို့ အခမ်းအနားအား အောင်မြင်စွာကျင်းပပေး သော ပြင်သစ်နိုင်ငံအစိုးရနှင့် ပြင်သစ်နိုင်ငံ သမ္မတ ဖရန်ဆွာဟော်လန်ဒီ အား ကျေးဇူးအထူးတင်ရှိပါကြောင်းစသဖြင့်ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၂၉ ရက်က ပြင်သစ်နိုင်ငံသမ္မတဖရန်ဆွာ ဟော်လန်ဒီနှင့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ အကြို တွေ့ဆုံခဲ့ကြပြီး ညီလာခံအောင်မြင်ရေး အတွက် အတူတကွ လုပ်ဆောင်ရန် ကတိကဝတ်ပြုခဲ့ကြ သလို ပြင်သစ်နိုင်ငံက ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ညီလာခံအား အောင်မြင်စွာကျင်းပနိုင်ရန် နှင့် အဖွဲ့အစည်းအားလုံးနှင့် သင့်လျော်အဆင်ပြေသည့် နိုင်ငံတကာ သဘောတူညီချက်များ ရရှိစေရန်အတွက် တရုတ်နိုင်ငံ ၏ ခိုင်မာသောထောက်ပံ့မှု ပြသနိုင်ရန် မျှော်လင့်ကြောင်း သမ္မတရှီမှ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.