Connect with us

Videos

ဘယ်လူဂါမျိုးနွယ်လင်းပိုင်လေး နှင့် နည်းပြတို့၏ စိတ်ဝင်စားဖွယ် အတွဲညီညီသရုပ်ပြသမှုများ

ဟာဘင်း ၊ ဒီဇင်ဘာ (၁) ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း မြို့တော် ဟာဘင်း ရှိ Harbin Polar Land တွင် မီယာဟု အမည်ရသော လင်းပိုင်လေးအား လျှိုပင်းရွှေ ဆိုသူ နည်းပြမှ အချိန် ၂နှစ်ခန့် ယူကာ လေ့ကျင့် ပေးခဲ့သည်။ အသက် ၂၂ နှစ်အရွယ်ရှိ လျှို သည် လင်းပိုင်လေးအား လွန်ခဲ့သည့် ၂နှစ်တွင် စတင်တွေ့စဉ်ကတည်းက သူ့အချိန်များအားလုံးနီးပါးအသုံးပြုကာ လေ့ကျင့်စောင့်ရှောက်ပေးခဲ့သည်။

လျှိုမှ လင်းပိုင်လေး အားလေ့ကျင့် ပေးသည့် သင်တန်း မှာ ခက်ခဲပြီး ၁ဝဒီဂရီ ဆဲလ်စီးရပ်စ် အထိ အေးစက် ကာ ရေနက်ထဲတွင် သင်ကြားဖို့အတွက် အခက်အခဲများနှင့်လည်းရင်ဆိုင်ခဲ့ရသည်။ ဘယ်လူဂါ မျိုးနွယ်ဝင်လင်းပိုင်လေးများသည် များသောအားဖြင့် အသိဉာဏ်ပညာရှိကြပြီး ရေကူးမကောင်းတဲ့ နည်းပြများကို မယုံကြည်တတ်ကြသောကြောင့် လျှိုမှာ ရေကူးကျွမ်းကျင်အောင် ကြိုးစားခဲ့ရသည်။ နေ့စဉ်နေ့တိုင်းလျှိုသည် လင်းပိုင်လေး မီယာအတွက် အစားအစာများ အားသန့်ရှင်းစွာ စီမံဆောင်ရွက်ပေးရလေ့ရှိပြီး ကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်ပေးရသည်။ မနက်တိုင်း တွင် လင်းပိုင် လေး ၏ မျက်လုံးအခြေအနေ၊ မှုတ်ထုတ်လိုက်သောလေ ၏ အနံ့ စသည်များအပြင် ၎င်းတွင် ဒါဏ်ရာများ ရှိမရှိ ကိုလည်း လျှိုက စစ်ဆေးပေးရသည်။

“လင်းပိုင်လေးမီယာနှင့် သူမတို့ဆက်ဆံရေးမှာ အလွန်ရင်းနှီးတဲ့သူငယ်ချင်းဆက်ဆံရေးဖြစ်ကြောင်း၊ တစ်ခါတစ်ရံတွင် သူမ စိတ်မကောင်းဖြစ်သည့် အချိန်မျိုးတွင်လည်း လင်းပိုင်လေးမီယာမှ ဖြေသိမ့်ပေးကြောင်း”လျှိုမှပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.