Connect with us

Videos

တရုတ် ပညာတော်သင်ကျောင်းသားများနှင့်ဆရာ များ၏ ရိုးရာ နှစ်သစ်ကူး ပွဲတော်တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်၏ နေအိမ်၌ ကျင်းပ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရန်ကုန် တက္ကသိုလ် ၊ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် ပညာသင်ကြားနေသော တရုတ် ပညာတော်သင် ကျောင်းသား/သူများနှင့် ကွန်ဖြူးရှပ် စာသင်တန်းကျောင်း သင်ကြားပေးသည့် ဆရာ/ဆရာမများ၏ ရိုးရာ နှစ်သစ်ကူး ပွဲတော်အား ယနေ့ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်၏ နေအိမ်၌ ကျင်းပခဲ့သည်။

တရုတ် ပညာတော်သင် ကျောင်းသား/သူများနှင့် စာသင်ကြားပေးသည့် ဆရာ/ဆရာများ၏ ရိုးရာ နှစ်သစ်ကူး ပွဲတော်တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ကျောင်းသား/သူများအား တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးရေး ဆက်လက် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့သွားရောက်ပြီး ပြည်ထောင်စု လွှတ်တော် နာယက ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့နှင့် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ညနေပိုင်း အချိန်တွင် ရန်ကုန်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး တရုတ်ပညာတော်သင် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမ များ၏ ရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ပါဝင် ဆင်နွဲခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့ရှိ တရုတ်ပညာတော်သင် ကျောင်းသား/သူများနှင့် ပညာရှင်များ အဖွဲ့ကို ယနေ့တွင် ပထမဆုံး အကြိမ် ဖွဲ့စည်းခဲ့သည်။

တရုတ် ပညာတော်သင် ကျောင်းသား/သူများနှင့် ကွန်ဖြူးရှပ် စာသင်တန်းကျောင်း သင်ကြားပေးသည့် ဆရာ/ဆရာမများ၏ ရိုးရာ နှစ်သစ်ကူး ပွဲတော်သို့လူ ၂၀၀ ကျော် တတ်ရောက်ခဲ့ပြီး တရုတ်ရိုးရာ အက ၊ အလှများနှင့် မြန်မာရိုးရာ အကများကိုလည်း တေးသီချင်းများဖြင့် သရုပ်ဖော်ကပြ တင်ဆက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.