Connect with us

Videos

ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ဦးရေ မြင့်တက်လာ

တိုင်ပေ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ဒေသ Hualien စီရင်စု တွင် အင်အား ၆.၅ ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဖေဖော်ဝါရီ ၈ ရက် နံနက် ၇ နာရီအထိ လူ ၉ ဦးသေဆုံးခဲ့ပြီး ၂၆၅ ဦးဒဏ်ရာရရှိကာ ၆၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။တရုတ်နိုင်ငံငလျင်ကွန်ရက်စင်တာ (CENC) ၏ ထုတ်ပြန်ချက်အရ ငလျင်သည် Hualien စီရင်စု အနီးရှိ ရေပြင်တွင် ဖေဖော်ဝါရီ ၆ ရက် ည ၁၁း၅၀ နာရီက လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ငလျင်ဒဏ်ကို ထိုင်ဝမ်ဒေသ အနှံ့အပြား၌ ခံစားခဲ့ရကြောင်း နှင့် ထိုင်ဝမ်အရှေ့ပိုင်း Hualien ရှိ လမ်းများ နှင့် အချို့အဆောက်အအုံများ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ယင်းငလျင်သည် ဆယ်စုနှစ် ၅ ခုတွင်း Hualien စီရင်စု၌ အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခုဖြစ်ကြောင်း Hualien စီရင်စု အကြီးအကဲ Fu Kun-Chi ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.