Connect with us

Videos

ရန်ကုန်မြို့၌ တရုတ်နှစ်သစ်ကူး ခြင်္သေ့အက နှင့် နဂါးအက ဖျော်ဖြေတင်ဆက်

ရန်ကုန်၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ ဂျန်းရှင်းစကွဲ၌ ဖေဖော်ဝါရီ ၇ ရက် ညပိုင်းတွင် တရုတ်နှစ်သစ်ကူး ဖျော်ဖြေရေး တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ရိုးရာ ခြင်္သေ့ အက နှင့် နဂါးအကများကို တင်ဆက်ကပြခဲ့ကြောင်း သိရသည်။ယခုပြိုင်ပွဲသည် ၄ ကြိမ်မြောက် ကျင်းပသော ပြိုင်ပွဲတစ်ခုဖြစ်ပြီး ” တရုတ်ခြင်္သေ့နဂါးအကရိုးရာယဉ်ကျေးမှုကို ပြသချင်လို့ပါ” ဟူ၍ Myanmar Lion and Dragon dance federation အတွင်းရေးမှူးဦးသိန်းအောင်က ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၇ ရက် မှ ၁၄ ရက်ထိ ညစဉ် ၈ ညတိုင်တိုင်းကျင်းပမည့် အကပြိုင်ပွဲများအတွက် ခြင်္သေ့အက ပြိုင်ပွဲဝင် ၁၇ ဖွဲ့နှင့် နဂါးအက ပြိုင်ပွဲဝင် ၁၂ ဖွဲ့ တို့ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
အဆိုပါအကပြိုင်ပွဲများကို မြန်မာနိုင်ငံခြင်္သေ့ နှင့် နဂါးအက အဖွဲ့ချုပ် နှင့် ဂျန်းရှင်းစင်တာအုပ်စု(Junction Center Group) တို့ပူးပေါင်း တင်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.