Connect with us

Videos

မြန်မာကျောင်းသားများမှ တရုတ်နယ်စပ်ကျောင်းသို့ နေ့စဉ်သွားရောက်ပညာသင်ကြားလျက်ရှိ

ယွေ့လီ ၊ ဇန်နဝါရီ (၁၈) ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နယ်စပ်မှ ကျောင်းသား အများစုသည် နေ့စဉ် တရုတ်-မြန်မာ နယ်စပ်အားဖြတ်ကျော်၍ တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ် ယွေ့လီ မြို့သို့ ကျောင်းလာတက်ကြသည်။ ကျောင်းသားမိဘများသည် ၎င်းတို့ ၏ သားသမီးများအား တရုတ်နိုင်ငံသို့ သွားရောက် ကာ တရုတ် ဘာသာ စကားနှင့် တရုတ်ရိုးရာယဉ်ကျေးမှုတို့အား သင်ယူနိုင်ရန် စေလွှတ်ကြခြင်းဖြစ်သည်။

မြန်မာကျောင်းသားများသည် တရုတ်နိုင်ငံရှိကျောင်းများကို တက်ရောက်လို ကြခြင်းမှာ တရုတ်နိုင်ငံ သို့ သီးနှံများ လာရော က်ရောင်းချလိုခြင်းကြောင့် ဖြစ်ကြောင်း ၊ ကျောင်း မှ ကျောင်းသားများအား မနက်စာ အလကား ကျွေးမွေးခြင်း တို့ကဲ့သို့ အခြား အထောက်အပံ့များအားလည်း ကောင်းစွာ သင်ကြားထောက်ပံ့ ပေးခြင်း ကြောင့် ဖြစ်ကြောင်း၊ကျောင်းသားများ ၏ နေထိုင်စားသောက်စားရိတ် ကာမိစေရန်အတွက် ကျောင်းသားများအားအခမဲ့ ကျူရှင် သင်ကြားပေးကြောင်း၊ ယူနန်ပြည်နယ် ပညာရေးဝန်ကြီးဋ္ဌာန မှ ထုတ်ဝေသော ပုံနှိပ်များ စာရွက်စာတမ်းများအားလည်း ထောက်ပံ့ပေး ကြောင်း သိရသည်။ ယခုအခါတွင် နယ်စပ်မှ ကျောင်း တွင် မြန်မာကျောင်းသား ၁ ရာကျော် တက်ရောက်လျက်ရှိပြီး ၂ နှစ်ကျော်ကြာ သင်ကြားပြီးနောက် ၎င်းတို့သည် ယခုအခါတွင် တရုတ် ဘာသာစကားအား ကျွမ်းကျင်စွာ ပြောဆိုနိုင်ကြပြီဖြစ်သည်။

ထိုကျောင်းအားတက်ရောက်ရန်အတွက် မြန်မာကျောင်းသားများမှာ နယ်စပ်ဖြတ်ကျော်ခွင့် သက်သေခံကတ်ပြားနှင့် လူဝင်မှုကြီးကြပ်ရေးရုံးမှ ဘာသာပြန်ထားသော မွေးစာရင်း သာ လိုအပ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.