Connect with us

Videos

ဘာစီလိုနာတွင်အကြမ်းဖက်မှုဖြစ်ပွားခဲ့

ဘာစီလိုနာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံဘာစီလိုနာ မြို့၌ သြဂုတ် ၁၇ ရက် က ကမ္ဘာလှည့်ခရီးသွားအုပ်စုများရှိရာသို့ ဗင်ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့ရာ လူ ၁၃ဦးသေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် တရားခံအား ရဲတပ်ဖွဲ့က ရှာဖွေနေစဉ် ညပိုင်း၌ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးအနည်းဆုံး သံသယရှိသူ ၄ဦး ကိုဘာစီလိုနာမြို့တောင်ဘက်ရှိ Cambrils မြို့၌ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၁၈ ရက်တွင်ပြောကြားခဲ့သည်။ ဘာစီလိုနာ ရဲတပ်ဖွဲ့က Cambrils မြို့ နှင့် ယင်းမြို့အနီးအနားရှိ ဒေသခံများအား နေအိမ်၌သာ နေထိုင်ရန် လူမှုကွန်ရက်များမှတစ်ဆင့် နှိုးဆော်ထားကြောင်း သိရသည်။ တိုက်ခိုက်မှု နှင့် ဆက်စပ်နေသည့် မော်ရိုကိုနိုင်ငံသား တစ်ဦး နှင့် မြောက်အာဖရိကဖွား စပိန်နိုင်ငံသား တစ်ဦး ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ ဗင်ကားမောင်းသူတရားခံမှာ လွတ်မြောက်နေဆဲဖြစ်၍ ဘာစီလိုနာ မြို့လယ်ခေါင်၌ လုံခြုံရေးတင်းကျပ် ထားကြောင်း သိရသည်။ ယင်းလူအများအပြားသေဆုံးခဲ့သည့် အကြမ်းဖက်မှုအား IS စစ်သွေးကြွအုပ်စုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.