Connect with us

Videos

အစားအသောက်များနှင့် ထျန့်အန်းမင်ရင်ပြင်ပုံဖော်

ချန်းချွန်၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အထင်ကရ ပေကျင်းရှိ ထျန့်အန်းမင်ရင်ပြင်ပုံစံကို လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းပြပွဲတွင်အစားအသောက်များနှင့် ပုံဖော်ပြသခဲ့သည်။ ပဲစေ့များဖြင့် ရင်ပြင်လက်ရန်း များကအစပုံဖော်ထားခြင်းဖြစ်သည်။ ထို သို့ပုံဖော်ရန်အတွက် ပဲစေ့တစ်စေ့ချင်းစီကိုကော်ဖြင့်ကပ်ရ ပြီးအချို့ပဲစေ့များကို ပုံစံငယ်လိုအပ်ချက်အရ အရောင်ဆိုးကာ ပုံဖော်ရခြင်းဖြစ်သည်။ ထိုသို့ပဲစေ့များ စားသောက်ဖွယ်ရာများဖြင့်ဖန်တီးရသည့်အဆိုပါ ပုံစံတူတည်ဆောက်ခြင်းကို အဖွဲ့ ၃၇ ဖွဲ့ ဖြင့်အနုပညာမြောက်ဖန်တီး ထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ချန်ချွန်းတွင်ကျင်းပသည့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းပြပွဲတွင် ယခုကဲ့သို့နမူနာပုံစံငယ်ကို အစားအသောက်များဖြင့်ဖန်တီးထားခြင်းဖြစ်သည်။ ပဲစေ့များအပြင် ဂျင်းများ ပြောင်းဖူးများကိုလည်းပုံဖော်အသုံးပြုသည့်ထဲတွင်ထည့်သွင်းခဲ့သည်။ အလုပ်သမားပေါင်း ၄ဝကျော် က ရက်ပေါင်း ၆ဝ ကျော်အချိန်ပေးကာ ထိုသို့ဖန်တီးပြုလုပ်ရခြင်းဖြစ်သည်။ သြဂုတ်လ ၁၁ ရက်နေ့မှ ၂ဝ ရက်နေ့အတွင်းပြသထားမည့်ပြပွဲတွင် ထျန့်အန်းမင်ရင်ပြင်ပုံတူပြုလုပ်ရန်ဂျင်းတန်၂ဝ နှင့် ပဲစေ့ ၁တန်ခန့်ကို အသုံးပြုခဲ့ရသည်ဟုဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.