Connect with us

Videos

မူးယစ်ဆေးဝါး အန္တရာယ်ကို တိုက်ဖျက်ရေးမှာ အမျိုးသားရေး တာဝန်ဖြစ်ကြောင်း သမ္မတပြောကြား

နေပြည်တော်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

မျိုးဆက်သစ်လူငယ်များကိုလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ်အားစုပေါင်း နှိမ်နင်းကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့နံနက် နေပြည်တော်တွင်ကျင်းပသည့် “Listen FIRST” ‘အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့’ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယနေ့ အချိန်တွင် မိမိတို့၏ မျိုးဆက်သစ် လူငယ်များကိုလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ် ကိုတားဆီးကာကွယ်ရန်မှာ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး တာဝန်ကြီးတစ်ရပ် အဖြစ် အရှိန်အဟုန် မြှင့်တင်ကြိုးပမ်းကြရန် အထူးအရေးကြီးကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်ကိုမိမိတို့ အားလုံး ညီညီညွတ်ညွတ်ဖြင့် မတိုက်ဖျက်နိုင်ပါကနောင်လာမည့် ဆယ်စုနှစ်အတွင်းမိမိတို့ နိုင်ငံ၏ အနေအထားသည် မတွေးဝံ့စရာ အခြေအနေသို့ ဆိုက်ရောက်နိုင်ကြောင်း ၎င်းက ပြောခဲ့ သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းကျင်းပသည့် (၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌လည်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၆၆.၃၅ သန်းကျော်ဖိုးအား မီးရှို့ဖျက်ဆီးလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားသည်။

ယနေ့ မီးရှို့ဖျက်ဆီးသော မူးယစ်ဆေးဝါးများသည် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိထားသောအမှုပေါင်း ၁၃၁၁ မှုမှ မူးယစ်ဆေးဝါးများဖြစ်ပြီး ယင်း မီးရှို့ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါး ၂၅ မျိုး၏ ကာလပေါက်ဈေးသည် မြန်မာကျပ် ၈၉ ဘီလီယံကျော်ရှိပြီး အမေရိကန် ဒေါ်လာအားဖြင့် ၆၆.၃၅ သန်းကျော်ရှိ ကြောင်း ရဲမှူးချုပ်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.