Connect with us

Videos

မြန်မာ့ကျောက်မျက်ရတနာများ နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်သည့် ရတနာဒီဇိုင်းများ ဖြစ်လာရန်လို

နေပြည်တော်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ကျောက်မျက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ရန်နှင့် နိုင်ငံတကာအဆင့်မီ ရတနာ ဒီဇိုင်းများ ထုတ်လုပ်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော် MICC II ၌ ကျင်းပခဲ့သည့် 6th AEC + 8 Gems and Jewellery Presidents’ Summit တွင် တိုက်တွန်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ယခု ဆွေးနွေးပွဲကြီးမှာ မိမိတို့ရဲ့ ကျောက်မျက်လုပ်ငန်းတွေမှာ Value added ရတနာများကို ကမ္ဘာ့ အဆင့်မီ ဒီဇိုင်းများ တီထွင်ကြံဆ ထုတ်လုပ်ကြရန်၊ လူငယ်များ အလုပ်အခွင့်အလမ်းတွေ ရရှိစေဖို့စတဲ့ Supply Chain တစ်ခုလုံး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းများကို ဆွေးနွေးနိုင်ကြပါစေလို့ ဆုတောင်း ကြောင်းပြောကြားခဲ့သည်။

မြန်မာ့ကျောက်မျက်ရတနာဈေးကွက်သည် အာဆီယံနိုင်ငံများတွင် ကျောက်မျက်ရတနာ ထုတ်လုပ်ရောင်းချမှုများ၌ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ပြီး ကုန်သွယ်မှုနှင့် ထုတ်လုပ်ရောင်းချမှုကဏ္ဍကို အားပေး မြှင့်တင်လိုသည့် ရည်ရွယ် ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ အာဆီယံ၏ Single Market ဈေးကွက်ကြီးအတွက် အဓိက မဏ္ဍိုင် အဖြစ် အလားအလာကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ယခု 6th AEC + 8 Gems and Jewellery Presidents’ Summit ကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.