Connect with us

Videos

နိုင်ငံတော်သမ္မတအိမ်တော်၌ အတာသြင်္ကန်ပွဲတော်အခမ်းအနားကျင်းပပြုလုပ်

ရန်ကုန်၊ ဧပြီ ၁၂ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတအိမ်တော် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသြင်္ကန်ပွဲတော်အခမ်းအနားအား ယနေ့သြင်္ကန်အကြိုနေ့ နံနက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က “အားလုံးစိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ၊ အများအကျိုးကို ဆောင်နိုင် သည့် ပုဂ္ဂိုလ်များဖြစ်ကြပါစေ၊ အမှန်တရားဘက်မှ ရပ်တည်နိုင်သည့် ပုဂ္ဂိုလ်များဖြစ်ကြပါစေ၊ မင်းပြစ်မင်းဒဏ်မှ ကင်းဝေးကြပါစေ’’ ဟု နှုတ်ခွန်း ဆက်စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတအိမ်တော် သြင်္ကန်အကြိုနေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာနတို့၏ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိကြောင်းလည်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါ အထူးကု ဆေးရုံကြီး၌ မျက်စိ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့တွင် နောက်ထပ်မျက်စိတစ်ဖက် ထပ်မံခွဲစိတ်ရန်ရှိကြောင်း သိရသည်။

ယခင်က အိမ်တော် သြင်္ကန်အား အကျနေ့နှင့် အကြတ်နေ့ နှစ်ရက် ကျင်းပခဲ့ပြီး ယခုအစိုးရသစ် လက်ထက်တွင် ကုန်ကျစရိတ်များ ချွေတာ နိုင်ရန် အကြိုနေ့တစ်ရက်ကိုသာ သမ္မတ ဦးထင်ကျော်၏ ဇနီးဒေါ်စုစုလွင်က ဦးစီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.