Connect with us

Videos

ရီယိုအိုလံပစ်ဥယျာဉ်အတွင်းရိုက်ကူးရေး ကင်မရာပြုတ်ကျ၍ လူ ၇ ဦး ထိခိုက်ဒါဏ်ရာရ

ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးတွင် ကျင်းပလျက်ရှိသည့် အိုလံပစ်ပွဲတော်တွင် သြဂုတ်လ ၁၅ ရက်နေ့က မြေပြင်အထက်၌ ကြိုးဖြင့် ချိတ်ဆွဲထားသည့် ရိုက်ကူးရေးကင်မရာတစ်လုံး သည် ဘတ်စကတ်ဘော ကစားကွင်း အနီးမြေပြင်သို့ပြုတ်ကျခဲ့သည်။ အိုလံပစ် ဥယျာဉ်တွင်း လေပြင်းများအဆက်မပြတ် တိုက်ခတ်ပြီးနောက် ထိုသို့ပြုတ်ကျ ခဲ့ခြင်း ဖြစ်ပြီး ကလေး ၂ ဦးအပါအဝင် အနီးရှိ လူ (၇) ဦး ထိခိုက်ဒါဏ်ရာရခဲ့သည်။ ထို မတော်တဆမှုနှင့်ပါတ်သက်၍အသေးစိတ် စုံစမ်းမှုများ ဆက်လက်ပြုလုပ် လျက်ရှိသည်။ အဆိုပါ ကင်မရာမှာ အဖုံးများဖြင့် အခိုင်အခန့်ဖုံးအုပ်ကာရံထားသည့် လေးလံသည့် aerial camera ကင်မရာတစ်လုံးဖြစ်ပြီး အိုလံပစ်အားကစားပွဲများ အား တရားဝင်ရိုက်ကူးထုတ်လွှင့်သည့် Olympics broadcast unit ပိုင်ကင်မရာဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.