Connect with us

Videos

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနား ပြည်ထောင်စု လွှတ်တော်၌ ကျင်းပ

နေပြည်တော် ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဒီမိုကရေစီ အရေးအတွက် ပြည်သူများ ပါဝင်ဆောင်ရွက် ဟူသည့် ဆောင်ပုဒ်ဖြင့် ယခု ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy 2015) အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပွင့်လင်း မြင်သာပြီး လွတ်လပ်၍ တရားမျှတမှု ရှိသော ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးနိုင်ရန်မှာ မဲဆန္ဒပေးပိုင်ခွင့် ရှိသော ပြည်သူများ အားလုံး တာဝန်သိသိ နိုးကြား တတ်ကြွစွာ ပါဝင်ရေးသည် အလွန် အရေးကြီးသော လိုအပ်ချက် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့နိုင်ငံတော် သမ္မတထံမှ သဝဏ်လွှာ ပေးပို့ရာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်စေရန် နိုင်ငံတော် အစိုးရသည် အစွမ်းကုန် ကူညီ ဆောင်ရွက်မည် ဖြစ်ပြီး အနာဂတ် နိုင်ငံတော်သစ် တစ်ရပ်ကို ဖန်တီး တည်ဆောက်နိုင်ရန် အတွက် မဲဆန္ဒရှင် ပြည်သူများ အားလုံးကလည်း တာဝန် ကျေပွန်ကြရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ယခုနှစ် အခမ်းအနားတွင် ကျောင်းသား လူငယ်များ စာတမ်း ၊ မြန်မာပြည်သူ့ဖိုရမ်၏ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြု စာတမ်းအပါအဝင် နိုင်ငံရေးပါတီ ၂၀ မှ စာတမ်းများလည်း ပါဝင် ဖတ်ကြားခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၏ စစ်မှန်သော အောင်မြင်မှု အတိုင်းအတာသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး မည်မျှ ခရီးရောက်ပြီး မည်မျှ အနှစ်သာရ ရှိသည်ဆိုသည်ကို ထင်ရှားစွာ ပြသမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.