Connect with us

Videos

အသက် ၆၈ နှစ်အရွယ်အဘိုးအို စပါးအုံး မြွေကြီးတစ်ကောင်ကိုအိမ်တွင်၈ နှစ်ကြာ မွေးမြူထား

ဟိုင်နန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်း တွင် အသက် ၆၈ နှစ်ရှိပြီဖြစ်သော ရှီကျင့်မင်ဆိုသည့်အဘိုးသည် စပါးအုံးမြွေကြီးတစ်ကောင်ကို အိမ်တွင် မွေးမြူစောင့်ရှောက်ထားသည်မှာ ၈ နှစ်ပင်ရှိခဲ့ပြီဖြစ်သည်။ ၃.၇ မီတာ အရှည်ရှိသည့် အဆိုပါမြွေကြီးသည် ၆ဝ ကီလိုဂရမ်အလေးချိန် ရှိသော်လည်း ၎င်းသခင် ၏ စကားကို နားထောင်ကြောင်းသိရသည်။ ရှီက ငါးလုပ်ငန်းလုပ်ကိုင်သူများထံမှ အဆိုပါ မြွေကြီးကို ၂ဝဝ၉ ခုနှစ်တွင် ဝယ်ယူကယ်ဆယ်ခဲ့ပြီး မွေးမြူခဲ့ခြင်းဖြစ်သည်။ နေ့စဉ်နေ့တိုင်း အဘိုးအိုမှာ မြွေကြီးနှင့်အတူ လမ်းလျှောက် ထွက်ပြီး မြွေကြီးကို ကလေးတစ်ယောက်ကဲ့သို့ဂရုစိုက်သည်။ ရှီသည် မြွေကြီးကို သူငယ်ချင်းအရင်းကြီးပမာ စကားစမြည်ပြောဆိုသည်။ ၎င်း၏ ပင်စင်လစာ တဝက်ကိုလည်း ထိုစပါးအုံးမြွေကြီးအတွက် သုံးစွဲပြီး တစ်ပတ်လျင် ကြက်အရှင် ၈ ကောင် သို့မဟုတ် ၉ ကောင်ကို စပါးအုံးမြွေကြီးအတွက် အစာကျွေးရသည်။ သို့သော် ရှီကျင့်မင်မှာ အသက်အရွယ်အလွန်အိုမင်းလာပါက စပါးအုံးမြွေကြီးအားဆက်လက် မစောင့်ရှောက် နိုင်တော့မည်စိုးသောကြောင့် တိရစ္ဆာန်ရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်းဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.