Connect with us

Videos

၂ဝ၁၇ ကုလသမဂ္ဂ အထွေထွေညီလာခံ စက်တင်ဘာ ၁၉ ရက်တွင်ကျင်းပမည်

နယူးယောက်၊ စက်တင်ဘာလ ၁၈ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ ဆိုသည်မှာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၄၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ လက်ရှိတွင်အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိ ပြီး ကမ္ဘာ့နိုင်ငံများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် လုံခြုံရေးကောင်စီက ထောက်ခံအတည်ပြုပေးသည်။ လုံခြုံရေးကောင်စီက နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် အဓိကတာဝန်ရှိသည်။ လုံခြုံရေးကောင်စီအနေဖြင့် တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေသည့်တည်ရှိမှု သို့မဟုတ် အပြုအမူ တစ်ခုခု ပေါ်ပေါက်လာပါက ၎င်းအပေါ်တွင် ဦးဆောင်ဆုံးဖြတ်ရသည့် အခွင့်အာဏာ ရှိသည်။ နှစ်စဉ်စက်တင်ဘာလတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်း နယူးယောက် ရှိ အထွေထွေညီလာခံနှင့် အထွေထွေဆွေးနွေးပွဲ ၌တွေ့ဆုံကြပြီး နိုင်ငံ့ခေါင်းဆောင်များက မိန့်ခွန်းပြောကြားကြသည်။ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ၁၃၁ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၁၉၆ ဦးတို့ တက်ရောက်မည် ဖြစ်သည်။ ယခုနှစ် ဆွေးနွေးကြမည့်အကြောင်းအရာမှာ ပြည်သူများငြိမ်းချမ်းစွာဖြင့် သင့်တော်သော ဘဝကို ရေရှည်တည်တံ့ ရရှိစေရန် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.