Connect with us

Videos

၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၆ထောင်ကျော် ဖမ်းဆီး အရေးယူနိုင်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၆,၄၁၄ မှု ဖမ်းဆီးခဲ့ရာတွင် အမျိုးသား တရားခံ ၈,ဝ၅၅ ဦး၊ အမျိုးသမီး တရားခံ ၁,၁၃၃ ဦး စုစုပေါင်း တရားခံ ၉,၁၈၈ ဦး တို့အား ဥပဒေအရ အရေးယူ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရသိရသည်။

၎င်းတို့တွင် အလေးချိန် ၁၈၆.ဝ၄၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၉,၉၅ဝ,၉၁၂ ပြား၊ ဆေးခြောက် အလေးချိန် ၈၇.၇ဝ၅၆ ကီလို စသည့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှု နှင့် ဆက်စပ် အမှုများအပြင် အခြားအမှုများ အနေဖြင့် မှတ်ပုံတင်ပျက် ၆၆မှု၊ အခြားမှု ၂၉ မှု တို့ပါဝင်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
အဆိုပါ မှုခင်းများအား ၂ဝ၁၅ ခုနှစ်အတွင်း တပ်မတော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့ များ၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ရထား ရဲတပ်ဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နှင့် အကောက် ခွန် ဦးစီးဌာနတို့ ပါဝင် သော အဖွဲ့များမှ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.