Connect with us

Videos

၂၀၁၈ ခုနှစ် တရုတ် နိုင်ငံ သို့ ပညာတော်သင် သွားရောက်မည့် မြန်မာ နိုင်ငံ ကျောင်းသား/သူ များအား ဂုဏ်ပြုနှုတ်ဆက်ပွဲ ကျင်းပ

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တွင် တရုတ် နိုင်ငံ အစိုးရ မှ ပေးအပ်သည့် ပညာတော်သင်ဆု ဖြင့် တရုတ် နိုင်ငံ သို့ သွားရောက် ပညာသင်ယူမည့် ကျောင်းသား/သူ နှင့် ဆရာများ အား ဂုဏ်ပြုနှုတ်ဆက်သည့် အခမ်းအနား ကို စက်တင်ဘာ ၁၁ ရက် တွင် ရန်ကုန် မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ကိုယ်စား နည်းပညာ ၊ အသက်မွေးပညာ နှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့် ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အသင်း အဖွဲ့ဝင်များ ၊ ပညာတော်သင် ဆု ရရှိခဲ့သည့် ကျောင်းသား/သူ နှင့် ဆရာများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနား တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အမှာစကား ပြောကြားရာ၌ ၂၀၁၈ ခုနှစ် ၌ မြန်မာ ကျောင်းသား/သူ နှင့် ဆရာ စုစုပေါင်း ၂၀၀ ကျော် သည် သံရုံး မှ တစ်ဆင့် တရုတ် နိုင်ငံ သို့ သွားရောက် ပညာသင်ယူခွင့် ရရှိခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် ၏ လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်အရ တရုတ် နိုင်ငံ အစိုးရ မှ လတ်တလော နှစ်ပိုင်း အတွင်း မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ အတွက် ပညာတော်သင်ဆု ပေးအပ်မှု များကို အဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အား အကောင်အထည် ဖော်ရာတွင် ပညာရေး ကဏ္ဍ က အခြေခံ အုတ်မြစ် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ မှ ထူးချွန်သူများ မွေးထုတ်ပေးနိုင်ရန် အတွက် ချစ်ခင်ရင်းနှီးသည့် အိမ်နီးချင်း မိတ်ဆွေ နိုင်ငံ အနေဖြင့် အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ က နည်းလမ်းမျိုးစုံ ဖြင့် မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ အတွက် ကူညီထောက်ပံ့မှု အများဆုံး ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံလည်း ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ပညာရေး ဖလှယ်မှု ဆောင်ရွက်ခြင်း သည် နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု နှင့် ရိုးရာချစ်ကြည်ဆက်ဆံရေး အား တိုးမြှင့်စေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံ အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး နှင့် စီးပွားရေး စြင်္က ံ တည်ဆောက်ရေး တို့အတွက် အထောက်အကူ ဖြစ်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန နည်းပညာ ၊ အသက်မွေးပညာ နှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့် က ၂၀၁၈ ခုနှစ် တွင် မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန တစ်ခုတည်း အနေဖြင့် တရုတ် နိုင်ငံ အစိုးရ မှ ပေးအပ်သည့် ပညာတော်သင်ဆုပေါင်း ၄၀ ဆု ကို ရရှိခဲ့ပြီး လတ်တလော နှစ်ပိုင်း အတွင်း အရေအတွက် အများဆုံး ရရှိခဲ့သည့် နှစ်ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် ပညာရေးဝန်ကြီးဌာန နှင့် အစိုးရ ကိုယ်စား တရုတ် နိုင်ငံ အစိုးရ အပေါ် အထူး ကျေးဇူးတင်ရှိကြောင်း ၊ မိမိ အနေဖြင့်လည်း တရုတ် နိုင်ငံ Xi’an Jiaotong University တွင် ပါရဂူဘွဲ့ ရရှိခဲ့သူ တစ်ဦး ဖြစ်သောကြောင့် တရုတ် နိုင်ငံ ပြည်သူလူထု တို့ ၏ မြန်မာ နိုင်ငံ မှ ပညာတော်သင် ကျောင်းသား/သူ များအပေါ် အလွန် နွေးထွေးစွာ ကူညီဆက်ဆံခြင်း ကို သိရှိခဲ့ရကြောင်း ၊ တရုတ် နိုင်ငံ တွင် ပညာတော်သင် သွားရောက်မည့် ကျောင်းသား/သူ နှင့် ဆရာများ အနေဖြင့် တရုတ် နိုင်ငံ အစိုးရ မှ ပေးအပ်ခဲ့သည့် ပညာတော်သင်ဆု အား တန်ဖိုးထားရမည် ဖြစ်ပြီး မြန်မာ နိုင်ငံ သို့ ပြန်လည်ရောက်ရှိချိန်တွင် နိုင်ငံ့ တာဝန်များ ကို ပိုမိုထမ်းဆောင်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ၊ တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီးဟောင်း ဦးစိန်ဝင်းအောင် က အမှာစကားပြောကြားရာတွင် လက်ရှိ တရုတ် နိုင်ငံ တွင် ပညာတော်သင်ဆု ဖြင့် ရောက်ရှိနေသည့် ကျောင်းသား/သူ စုစုပေါင်း ၄၇၆ ဦး ရှိပြီး ပညာတော်သင် ကျောင်းသား/သူ များ အားလုံး ၏ ကျောင်းစရိတ် ၊ စားစရိတ် ၊ ပညာသင်ကြားစရိတ် နှင့် သွားလာစရိတ် စသည်များ အားလုံးကို တရုတ် နိုင်ငံ အစိုးရ မှ တာဝန်ယူခဲ့ခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ နှင့် တောတောင်ရေမြေခြင်း ထိစပ်နေသည့် အိမ်နီးချင်း မိတ်ဆွေ နိုင်ငံဖြစ်ပြီး ကျောင်းသား/သူ များအနေဖြင့် တရုတ် နိုင်ငံ တွင် ထူးချွန်သည့် ကျောင်းသား များ ဖြစ်အောင် ကြိုးစားအားထုတ်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် တရုတ် နိုင်ငံ အစိုးရ မှ ပေးအပ်သည့် ပညာတော်သင်ဆုရ ကျောင်းသား/သူ နှင့် ဆရာများ ကိုယ်စား ရန်ကုန် တက္ကသိုလ် မှ ဆရာမ ဒေါ်လဲ့ရည်ဝင်း က ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန် က ကျောင်းသား/သူ နှင့် ဆရာများ ထံသို့ တရုတ် နိုင်ငံ သို့ သွားရောက်မည့် လေယာဉ် လက်မှတ် အား လွှဲပြောင်း ပေးအပ် ခဲ့သည်။

တရုတ် နိုင်ငံ အစိုးရ ပေးအပ်သည့် ပညာတော်သင်ဆု ဖြင့် တရုတ် နိုင်ငံ တွင် ပါရဂူ ဘွဲ့ ဆက်လက် သင်ယူခွင့် ရရှိခဲ့သည့် ဟားခါး ပညာရေး ကောလိပ် မှ နည်းပြ ဒေါ်ခင်သိမ့်သိမ့်စိုး က ပညာတော်သင်ခရီးနှင့်ပတ်သက်၍ ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို အခုလိုဖြေကြားခဲ့သည်။

တရုတ် နိုင်ငံ အစိုးရ ပညာတော်သင်ဆု သည် တရုတ် နိုင်ငံ China Scholarship Council (CSC) မှ ပေးအပ်သည့် ပညာတော်သင်ဆု တစ်ရပ်ဖြစ်ပြီး ပညာတော်သင်ဆု ရရှိသည့် ကျောင်းသား/သူ များအနေဖြင့် တရုတ် နိုင်ငံ ရှိ တက္ကသိုလ် အသီးသီး သို့ သွားရောက်၍ ပညာသင်ယူနိုင်မည် ဖြစ်သည်။ ၂၀၁၇ ခုနှစ် တွင် CSC မှ မြန်မာ နိုင်ငံ အတွင်းရှိ ကျောင်းသား/သူ ပေါင်း ၁၀၃ ဦး အား ပညာတော်သင်ဆု ပေးအပ် ခဲ့ပြီး ၂၀၁၈ ခုနှစ် တွင် ကျောင်းသား/သူ ပေါင်း ၂၁၆ ဦး အား တရုတ် နိုင်ငံ တွင် သွားရောက် ပညာသင်ယူ နိုင်ရန် ပညာတော်သင်ဆု ပေးအပ် ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.