Connect with us

Videos

မဟာဗန္ဓုလပန်းခြံလမ်းရှိ City Star ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)အလယ်ဘလောက်ရှိ City Star ဟိုတယ်တွင် ယနေ့မွန်းလွဲ ၃နာရီ မိနစ် ၂၀ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ဆင်ဟွာသတင်းဌာနအား ပြောကြားသည်။ အဆိုပါ ဟိုတယ်၏ အခန်း ၃၀၅ရှိ အဲယားကွန်းအနီးမှ စတင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်း မီးလောင်မှုကြောင့် လူ၁၁ဦး မီးခိုးမွှန်မှုဖြစ်ခဲ့သော်လည်း ဟိုတယ်ဝန်ထမ်း အမျိုးသမီးတစ်ဦးသာ ဆေးရုံပို့ဆောင်ခဲ့ရကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ မြန်မာကျပ်ငွေ ၃သိန်း၁သောင်းခန့်ရှိကြောင်း ကျောက်တံတားမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

” မီးလောင်နေမှုအတွင်း ၁၃ဦးကယ်ထုတ်ခဲ့ရတယ်၊ တစ်ဦးပဲ ဆေးရုံပို့ထားတယ်၊ နိုင်ငံခြားသား ၇ဦးပါတယ် ကယ်ခဲ့ရတာ၊ ဒီဟိုတယ်က ဧည့်သည်တွေကို ဟိုတယ် ပြောင်းပေးထားတယ်” ဟု ၎င်းက ဆိုသည်။

ယင်းမီးလောင်မှုကို Level 1 အဖြစ်သတ်မှတ်ကာ ငြိမ်းသတ်ခဲ့ကြောင်း မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ၃ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ (xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.