Connect with us

Videos

Drone ဖြင့် ပို့ဆောင်ပေးသည့် delivery

ရှီအန်း၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ)

အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် JD.com သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှီအန်းဒေသတွင် ကုန်ပစ္စည်းများပို့ဆောင်ရာတွင် drone ယာဉ်ပျံငယ်ကို အသုံးပြုပို့ဆောင်ကြောင်းသိရသည်။ အဆိုပါ JD.com သည် တရုတ်နိုင်ငံ၏ အကြီးဆုံးအီလက်ထရောနစ်ဈေးကွက်ရောင်းဝယ်ရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး လူစွမ်းအားဖြင့်ပို့ဆောင်ရေးပြုလုပ်ခြင်းမဟုတ်ဘဲ drone များဖြင့် ပို့ဆောင်ပေးသည့် ပထမဆုံးလုပ်ငန်းလည်းဖြစ်သည်။ Drone မှာ တစ်ကြိမ်ပျံသန်းလျှင် ၁၅ ကီလိုမီတာမှ ၂ဝ ကီလိုမီတာအထိပျံသန်းနိုင်ပြီး ကုန်ပစ္စည်းအလေးချိန် ၁ဝ ကီလိုဂရမ်မှ ၁၅ ကီလိုဂရမ်အထိ သယ်ဆောင်ပေးနိုင်သည်။ ကွန်ရက်ချိတ်ဆက်ထားသည့် အဆိုပါမောင်းသူမဲ့ယာဉ်ပျံငယ် drone ဖြင့် ရှီအန်း ဒေသတစ်ခုလုံး မြို့ပြနေရာများတင်မကဘဲ ကျေးလက်ဒေသများကိုပါ ပစ္စည်းများအရောက်ပို့ဆောင်ပေးနိုင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.