Connect with us

Videos

မြန်မာ့ ရိုးရာ နှင့် အနောက်တိုင်း တူရိယာများ ပေါင်းစပ် ဖျော်ဖြေသည့် မြန်မာ ဂီတ ပွဲတော် ကျင်းပ

ရန်ကုန် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

မြန်မာ့ ရိုးရာ နှင့် အနောက်တိုင်း တူရိယာများ ပေါင်းစပ် ဖျော်ဖြေသည့် စတုတ္ထ အကြိမ်မြောက် မြန်မာ ဂီတ ပွဲတော် ၂ဝ၁၇ ဖျော်ဖြေပွဲအား ဇွန် ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ဇတ်ရုံ၌ ကျင်းပခဲ့သည်။မြန်မာ ဂီတ ပွဲတော် ၂ဝ၁၇ ဖျော်ဖြေပွဲတွင် မြန်မာဂီတပညာရှင်များ၏ ဆိုင်းဝိုင်း၊ နှဲ၊ ပတ္တလား၊ စောင်း တူရိယာသံ များနှင့်အတူ နိုင်ငံတကာဂီတပညာရှင်များ၏ တယော၊ စန္ဒယားစသည့် တူရိယာများဖြင့် တွဲဖက်၍ နဂါးနီ ၊ တောဘွဲ့ပဒေသာ ၊ ဇာတ်သဘင် တီးကွက် ပဒေသာ ၊ ဂျိန်းဖော ၊ အလှ သစ္စာတရား စသည့် တေးဂီတများအား တွဲဖက် တီးခတ် ဖျော်ဖြေခဲ့ကြသည်။ စတုတ္ထ အကြိမ်မြောက် မြန်မာ ဂီတ ပွဲတော် ၂ဝ၁၇ ဖျော်ဖြေပွဲတွင် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များ အပါဝင် တရုတ် ၊ အမေရိကန် ၊ ထိုင်း ၊ မလေးရှား နိုင်ငံများမှ အနုပညာရှင် စုစုပေါင်း ၁၆ ဦးမှ သီဆို ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။ မြန်မာ ဂီတ ပွဲတော် ဖျော်ဖြေပွဲအား ၂၀၁၄ ခုနှစ်မှ စတင် ကျင်းပ ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် မြစ်ကြီးနား ၊ နေပြည်တော် ၊ မန္တလေး မြို့များတွင် ကျင်းပပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.