Connect with us

Videos

အမေရိကန်ဒေါ်လာအတိုးနှုန်းများကို ဆယ်စုနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် Fed မြှင့်တင်

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ

အမေရိကန်ဒေါ်လာ အတိုးနှုန်းများကို ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗဟိုဘဏ် Fed က ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မြှင့်တင်လိုက်ကြောင်းသိရသည်။ အမေရိကန် ပြည်ထောင်စု အရံငွေ စနစ် (Federal Reserve System (သို့) the Fed) ကော်မတီ မှ ပြည်ထောင်စု ဘဏ္ဍာရေး အသုံးစရိတ်အား ဝ.၂၅ ရာခိုင်နှုန်းမှ ဝ.၅ ရာခိုင်နှုန်း အထိ အမှတ် ၂၅ ခု တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ယင်းသည် အမေရိကန် ဗဟိုဘဏ် Fed ၏ ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အတိုးနှုန်း တိုးမြှင့်ခြင်း ဖြစ်သည်။

လက်ရှိ နှင့် အနာဂတ် စီးပွားရေး အခြေအနေ အပေါ် အကဲခတ်ပြီး အမေရိကန် Fed အနေဖြင့် အတိုးနှုန်းမြှင့်တင်ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အကြိမ် အတိုးနှုန်းမြင့်တင်ပြီးနောက်တွင် အမေရိကန် Fed အနေဖြင့် ငွေကြေးထိန်းချုပ်မှု လျှော့ပေါ့ ရေး မူဝါဒများကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အနာဂတ် အမေရိကန် စီးပွားရေး မှာ ဆက်လက် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပွား လာမည် ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုမို တိုးပွားလာနိုင်သဖြင့် အမေရိကန် ငွေကြေးဖောင်းပွမှုသည် ၂ ရာခိုင်နှုန်း တိုးတက်လာရန် အခြေအနေ ရှိကြောင်း ၊ သို့သော် စီးပွားရေး အခြေအနေမှာ မျှော်လင့်ထားသည်ထက် ကျဆင်းခဲ့ပါက အမေရိကန် Fed အနေဖြင့် ငွေကြေးဆိုင်ရာ မူဝါဒ များကို ပိုမို လျှော့ပေါ့သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.