Connect with us

Videos

မက္ကဆီကိုနိုင်ငံသားတို့၏ Day of the Dead ပွဲတော်

မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကို စီးတီးတွင် အောက်တိုဘာလ ၂၇ ရက်နေ့က Day of the Dead (တမလွန်နေ့ပွဲတော်) ကို ကျင်းပပြုလုပ်ခဲ့ရာ မက္ကဆီကို နိုင်ငံသူနိုင်ငံသားများပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။ အဆိုပါ တမလွန်နေ့ပွဲတော်ကို မက္ကဆီကို နိုင်ငံတွင် အားလပ်ရက်အဖြစ်သတ်မှတ်ကာ နှစ်စဉ်ကျင်းပခြင်း ဖြစ်သည်။ တမလွန်သို့ကူးပြောင်းရောက်ရှိသွားပြီဖြစ်သည့် မိမိတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေ များကို အောက်မေ့သတိရသည့်အထိမ်းအမှတ်အဖြစ်ထိုပွဲတော်ကို ကျင်းပခြင်းဖြစ်ပြီး ၎င်းတို့၏ ဝိဉာဉ်များကို ဘဝတစ်ပါးသို့ကောင်းမွန်စွာရောက်ရှိစေရန် ကူညီပေးသည့်ရည်ရွယ်ချက်ဖြင့်ကျင်းပသည်ဟုသိရသည်။ အဆိုပါ တမလွန်နေ့ပွဲတော်ကို ၂ဝဝ၈ ခုနှစ်တွင် UNESCO က ရိုးရာယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော် အဖြစ်သတ်မှတ်ပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.