Connect with us

Videos

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် လယ်ယာသုံးစက်ရုပ်များက ဟင်းသီးဟင်းရွက် ရိတ်သိမ်းမှုများလုပ်ဆောင်ပေးလျက်ရှိ

စို့ကွမ်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း လယ်ယာမြေတွင် စက်ရုပ်များက ခရမ်းချဉ်သီးများကို ကျွမ်းကျင်စွာ ခူးပေးနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရာ အဓိကအခြေစိုက်စခန်းဖြစ်သည့် စို့ကွမ်းမြို့တွင် ဉာဏ်ရည်တု (AI) နည်းပညာ၊ စက်ရုပ်များ၊ စမတ် လယ်ယာစိုက်ပျိုးရေး ဆောင်ရွက်နေမှုများကို ပို၍ လေ့လာကြည့်ရှုနိုင်ပါသည်။တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် စို့ကွမ်းမြို့တွင် စက်ရုပ်လက်တံက အပင်မှ ခရမ်းချဉ်သီးများကို ညင်သာစွာ ခူးဆွတ်ပေးနိုင်သည်။ ၎င်းမှာ စမတ် စိုက်ပျိုးရေး နည်းပညာ ဥယျာဉ်ရှိ ဖန်လုံအိမ်များ၌ အလုပ်လုပ်ကိုင်နေသော စက်ရုပ်အဖွဲ့က ဖြစ်သည်။

ထူးခြားစွာ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် စက်ရုပ်ပေါင်း ၂၀ ကျော်သည် ဦးဆောင်စက်ရုံ “Xiao jin”ညွှန်ကြားချက်ကို လက်ခံဆောင်ရွက်ရသည်။ ဉာဏ်ရည်တု (AI) နည်းပညာ စနစ်တပ်ဆင်ထားသည့် “Xiao jin”သည် လယ်ယာမြေ တစ်ခုလုံးရှိ စောင့်ကြည့်ရေးမော်နီတာ ၂,၀၀၀ မှ ရရှိသော ဒေသများကို အခြေခံကာ အခြား စက်ရုံများကို ရွေ့လျားလှုပ်ရှားရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရာ အဓိကနေရာဖြစ်သည့် စို့ကွမ်းမြို့တွင် ထိုကဲ့သို့သော စက်ရုပ်ပါဝင်သည့် လယ်ယာလုပ်ငန်းမြင်ကွင်းများက အထူးတဆန်းမဟုတ်တော့ပေ။ ယင်းနေရာရှိ ဖန်လုံအိမ်အများအပြားသည် အပူချိန် ထိန်းချုပ်ခြင်းနှင့် ရေငွေ့၊ ရေဓါတ်မြေဩဇာ တစ်သားတည်းဆောင်ရွက်ခြင်း အပါအဝင် စမတ်လယ်ယာ နည်းပညာများကို အတိုင်းအတာတစ်ခုအထိ အသုံးပြုနေကြသည်။ယင်းမြို့သည် တက္ကသိုလ်နှင့်သုတေသနအင်စတီကျုပေါင်း ၄၀ ခန့်ဖြင့် ပူးပေါင်းပြီး ဒေသ လယ်ယာကဏ္ဍအဆင့်မြင့်တင်ရေးကို အားထားဆောင်ရွက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.