Connect with us

Videos

NLD ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ၌ ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများ တိုးချဲ့ဖွဲ့စည်း

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးတွင် ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများ တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ယနေ့ NLDက ပြုလုပ်သော ညီလာခံနှင့် ပတ်သတ်သော သတင်းစာရှင်းလင်းပွဲတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ အဆိုပါ ညီလာခံတွင် ဗဟိုကော်မတီဝင်နှင့် အရန်ဗဟိုကော်မတီဝင်များကို ပြည်နယ်နှင့် တိုင်းအလိုက် ဆန္ဒမဲပေးရွေးချယ်ခဲ့ရာ ဗဟိုကော်မတီဝင်အသစ် ၄၂ဦးနှင့် အရံ ဗဟိုကော်မတီဝင် ၃၀ဦးကို တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၆ဦးနှင့် အရံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၈ဦးတို့ကိုလည်း ဖြည့်တင်းခဲ့ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးတွင် ဗဟိုကော်မတီဝင်များ ရွေးချယ်တင်မြှောက်ခြင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် အရံအလုပ်အမှုဆောင်အဖွဲ့ဝင်များ အစားထိုးခြင်းနှင့်အင်အားဖြည့်တင်းခြင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ နိုင်ငံရေးအစီရင်ခံစာနှင့် စည်းရုံးရေးအစီရင်ခံစာများတင်သွင်းပြီး တိုင်းနှင့် ပြည်နယ်အလိုက် ဗဟိုကော်မတီဝင်များမှ ပြန်လည်သုံးသပ်ဆွေးနွေးခြင်း နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပြန်လည်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.