Connect with us

Videos

၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲကို NLDပါတီ နေရာပြည့် ဝင်ရောက် ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် နေရာပြည့်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ၌ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ဒေါက်တာမေဝင်းမြင့်က ဆင်ဟွာသို့ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ဒုတိယနေ့တွင် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်ရွေးချယ်ခဲ့ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

လက်ရှိ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်(၁၃)နေရာရှိကြောင်း အဆိုပါ နေရာများအားလုံးကို NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.