Connect with us

Videos

တရုတ်နိုင်ငံ၏ ” Adora ” အမည်ရှိ ပထမဆုံးပြည်တွင်းထုတ် အပျော်စီးသင်္ဘောကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရေချမည်

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

China Shipbuilding Corporation လက်အောက်ရှိ CSSC Carnival China ကုမ္ပဏီက တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် အပျော်စီးသင်္ဘော Adora Cruises ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၊ ပေါင်ဆန်းခရိုင်တွင် နိုဝင်ဘာ ၂၅ ရက်က ကျင်းပသည့် ဝူဆုန်းခိုဖိုရမ်၌ ကြေညာခဲ့သည်။ လက်ရှိ တည်ဆောက်ဆဲဖြစ်သည့် ပထမဆုံး ပြည်တွင်းထုတ် အကြီးစား အပျော်စီးသင်္ဘောသည် ၎င်းကုမ္ပဏီ၏ ပထမဆုံးသော အပျော်စီးသင်္ဘော ဖြစ်လာမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။(Xinhua)

————————-

首艘国产大型邮轮冠名“爱达” 2023年底下水
25日,在上海宝山举行的2022吴淞口论坛上,中国船舶集团旗下中船嘉年华邮轮有限公司发布中国邮轮自主品牌——爱达邮轮。目前在建的首艘国产大型邮轮将成为该品牌旗下的首艘邮轮,计划于2023年底下水。