Connect with us

Videos

တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂတို့ အာကာသစူးစမ်းလေ့လာရေးမိတ်ဖက်ဆောင်ရွက်မှုအသစ် မြှင့်တင်

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ မူဘောင်အတွင်း အခြားသောနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ အာကာသနည်းပညာနှင့် စူးစမ်းလေ့လာမှုဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထပ်မံမြှင့်တင်ရေး အစီအစဉ်ကို ထုတ်ပြန်လိုက်သည်။၂၀၂၂ ခုနှစ် ကုလသမဂ္ဂ/တရုတ် ဒုတိယအကြိမ်မြောက် အာကာသစူးစမ်းလေ့လာရေးနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကမ္ဘာ့မိတ်ဖက်ဆက်ဆံရေးအလုပ်ရုံဆွေးနွေးပွဲ၌ ထုတ်ပြန်သော လုပ်ငန်းကြေညာချက်တစ်စောင်တွင် အစီအစဉ်ကို အသေးစိတ်ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ဟိုင်ခိုမြို့တွင် နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် သာတူညီမျှနှင့် အပြန်အလှန်အကျိုးကျေးဇူးရှိမှု၊ ပွင့်လင်းမှုနှင့် အားလုံးပါဝင်မှု၊ လူသားမျိုးနွယ်အတွက် ငြိမ်းချမ်းစွာ အသုံးပြုမှုနှင့် အကျိုးဖြစ်ထွန်းမှု စသည့် သွင်ပြင်များဖြင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးပုံစံသစ်တစ်ခု တည်ထောင်ရေး မြှင့်တင်ရန် ကမ္ဘာတစ်ဝန်းရှိ အာကာသအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ လုပ်ဆောင်သွားလိုကြောင်း လုပ်ငန်းကြေညာချက်အရ သိရသည်။ (Xinhua)

………………………………………………
China, UN promote new space exploration partnership
China has outlined its plan for promoting further international cooperation on space technology and exploration with other countries and international organizations within the framework of the United Nations.
It specified the plan in an action statement issued at the 2022 United Nations/China 2nd Global Partnership Workshop on Space Exploration and Innovation.
The event has been held from Monday to Thursday in Haikou, China.
According to the action statement, China is willing to work with space agencies and international organizations worldwide to promote the establishment of a new type of global partnership featuring equality and mutual benefit, openness and inclusiveness, peaceful use and the benefit of mankind.