Connect with us

Videos

တရုတ်နိုင်ငံက ကူညီပေးသည့် စာသင်ကျောင်းအဆောက်အဦ လာအိုနိုင်ငံသို့ လွှဲပြောင်းပေးအပ်

ဗီယင်ကျန်း ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ တရုတ်နိုင်ငံက ကူညီပေးခဲ့သည့် Phiawath Complete အလယ်တန်းစာသင်ကျောင်းအဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။စာသင်ကျောင်း အဆောက်အဦအသစ်သည် ဗီယင်ကျန်းမြို့ Sisattanak ခရိုင်၌ တည်ရှိပြီး စာသင်ခန်းများ ၊ သိပ္ပံဓာတ်ခွဲခန်းများ ၊ ကွန်ပြူတာခန်းများ ၊ တရုတ်ဘာသာစကား စာသင်ခန်းများ နှင့် အခြားဝန်ဆောင်မှုအခန်းများ ပါဝင်ပြီး ကျောင်းသား/သူ ၁,၄၀၀ ကျော် ထားရှိသင်ကြားနိုင်ကြောင်း သိရသည်။

လာအိုနိုင်ငံရှိ တရုတ်နိုင်ငံက ကူညီပေးသည့် စီမံကိန်းများအနက် တစ်ခုဖြစ်သည့် ယင်းစာသင်ကျောင်းအဆောက်အဦသည် တရုတ်နိုင်ငံ နှင့် လာအိုနိုင်ငံအကြား နက်ရှိုင်းသည့် ချစ်ကြည်ရင်းနှီးမှုကို ပြသနေပြီး လာအိုနိုင်ငံတွင် စီးပွားရေး ၊ လူမှုအသိုက်အဝန်း နှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ဗီယင်ကျန်းမြို့တော်ဝန်က ပြောကြားခဲ့သည်။ (Xinhua)

————————–
China-aided school building handed over to Laos
A handover ceremony of the China-aided Phiawath Complete Secondary School building was held in Lao capital Vientiane.

The new building of the school is located in the Sisattanak district of Vientiane. It comprises classrooms, science laboratories, computer rooms, Chinese language classrooms and other service rooms and can accommodate more than 1,400 students.

The mayor of Vientiane said that as one of the China-aided projects in Laos, the school building shows a deep friendship between China and Laos and will contribute to the development of the economy, society and education in the Southeast Asian country.

Xinhua News Agency correspondents reporting from Vientiane.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.