Connect with us

Videos

NCA စာချုပ် လက်မှတ် ရေးထိုးပွဲ ယခုလ ၁၅ ရက်နေ့ တွင် ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ ကို ယခုလ ၁၅ ရက်နေ့တွင် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) (MICC 2) တွင် ကျင်းပရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးပွဲ ညှိနှိုင်း အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) မှ အထူးအကြံပေး ဦးလှမောင်ရွှေ ကပြောကြားခဲ့သည်။

ထို့အပြင် တဖက်လျှင် ( ၁၀ ) ဦးစီ ပါဝင်သော တစ်နိုင်ငံလုံး “ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ ” ကို ယင်း အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ကြောင်းလည်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ ညှိနှိုင်း အစည်းအဝေးကို ယနေ့ အောက်တိုဘာလ (၄) ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) တွင် ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် NCA ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၅) ဖွဲ့ အနက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့ ဖြစ်သည့် KNU ၊ KNLA-PC ၊ PNLO၊ ABSDF ၊ CNF ၊ RCSS ၊ ALP နှင့် DKBA တို့ တက်ရောက် ခဲ့ကြပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.